AD
AD
AD
play

 

၁။ သွေးပေါင်ချိန်

သွေးတိုးခြင်းကို တိတ်တဆိတ်လူသတ်သမားလို့ ကျန်းမာရေးပညာရှင်တွေက ခေါ်ပါတယ်။ သွေးတိုးဖြစ်ပြီဆို ရောဂါလက္ခဏာတွေက ကြိုမပြပါဘူး။ သွေးပေါင်ချိန် (သွေးဖိအား)ဟာ ၁၂၈-၈၀ ဆိုရင် ပုံမှန်ဖြစ်ပါတယ်။

၂။ ကိုလက်စထရောပမာဏ

သွေးတွင်းအဆီဓာတ် (chulesterol) ဆိုတာလည်း သွေးပေါင်ချိန်လိုပါပဲ။ ကိန်းနှစ်ခုနဲ့ ဖွဲ့စည်းထားတာပါ။ LDL နဲ့ HDL ဆိုပြီး နှစ်ခုရှိပါတယ်။ နှစ်ခုပေါင်း ၂၀၀ အောက်မှာသာ ရှိနေရပါမယ်။ မကောင်းတဲ့ ကိုလက်စထရော (LDL) က ၁၀၀ အောက်မှာ ရှိနေရမှာဖြစ်ပြီး ကောင်းတဲ့ ကိုလက်စထရောပမာဏက ၆၀ အထက်မှာ ရှိနေဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် နှလုံးရောဂါ၊ ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးရဲ့လုပ်ဆောင်မှုနှေးကွေးသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

၃။ TSH

သွိုင်းရွိုက်အကျိတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေအတွက် အဓိကျဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သွိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (thyroid-stimulating hormone) ပမာဏဟာ တစ်လီတာမှာ ၀.၄ မီလီယူနစ် (mU/L)မှ ၄.၅ မီလီယူနစ်ကြား ရှိသင့်ပါတယ်။

play

 

၎။ သွေးတွင်းရှိသကြားဓာတ်

သွေးထဲမှာရှိနေတဲ့သကြားဓာတ်ကို A1C လို့ ခေါ်ပါတယ်။ သွေးစီးဆင်းမှုလမ်းကြောင်းတစ်လျှောက်မှာ ပါဝင်နေတဲ့ ဂလူးကို့စ်ကို ဆိုလိုတာပါ။ A1C ညွှန်းကိန်းဟာ ၅.၇ နဲ့ အောက် ဖြစ်ရပါမယ်။ ဒီ့ထက်များလာရင် ဆီးချိုဖြစ်နိုင်ခြေ ရှိနေပါပြီ။

၅။ အရိုးသိပ်သည်းဆ

အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အရိုးပွရောဂါကို ခံစားရပါတယ်။ ဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ရာ အရိုးရဲ့သိပ်သည်းဆက ၁ နဲ့ အနုတ် ၁ (-၁) ကြားမှာ ရှိနေရမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကျန်းမာရေးတက္ကသိုလ်က ကြေညာထားပါတယ်။ အသက် ၆၅ နှစ်အထက် အမျိုးသမီးကြီးတွေဟာ အရိုးသိပ်သည်းဆကို နှစ်စဉ် စစ်ဆေးသင့်ပါတယ်။ မျိုးရိုးရှိတယ်ဆိုရင်တော့ အသက်ငယ်တဲ့အမျိုးသမီးတွေလည်း ကြိုစစ်နေဖို့ လိုအပ်ပါတယ်။

play

 

၆။ ခါးပတ်လည်အတိုင်းအတာ

အဝလွန်တာကို ဗိုက်ခေါက်ကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ဗိုက်ခေါက် ထူ၊ မထူ သိနိုင်ဖို့ဆိုရင် ချက်အောက်ပိုင်းနေရာကနေ တစ်ပတ်ပတ်ပြီးတိုင်းကြည့်ပါ။ ၃၅ လက်မ ထက် ကျော်နေရင် ဝနေပါပြီ။ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဝင်လာနိုင်ပါတယ်။

Source : Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD