Health: တစ်ရက်မှာ သင်ဆီးသွားတဲ့ အကြိမ်ရေ ဘယ်လောက်ရှိလဲ ?

သင့် ကျန်းမာရေးအခြေအနေကို ခန့်မှန်းကြည့်လို့ ရပါတယ်

ထမင်းစားရေသောက်ကိစ္စတွေ တစ်ခုလုပ်ရသလိုပါပဲ။ နေ့တိုင်း မဖြစ်မနေ လုပ်နေရတဲ့ အလုပ်တစ်ခု ဖြစ်သော်လည်း ကိုယ်တိုင် သိပ်သတိထားမကြည့်မိတဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ တစ်ရက်မှာ အပေါ့သွားတဲ့ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ သင်မသိသေးတာတစ်ခုက သင်ဆီးသွားတဲ့အကြိမ်ရေကို ကြည့်ပြီး သင့် ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရပါတယ်။

play

 

ပုံမှန်ကျန်းမာရေးအခြေအနေရှိတဲ့ လူတစ်ယောက်ရဲ့ (၂၄) နာရီအတွင်း အပေါ့သွားတဲ့အကြိမ်ရေ (၆) ကြိမ်ကနေ (၈) ကြိမ်အထိ ရှိပါတယ်။ တစ်ခါတစ်လေ ဖျော်ရည် ဟင်းရည် အမျိုးမျိုး သောက်မိတာ၊ ရေသောက်တာ များသွားတာ၊  နေမကောင်းလို့ ဆေးသောက်ရတာတွေကြောင့် အပေါ့သွားရတဲ့ အကြိမ်ရေအတွက်တွေ နည်းတာများတာတွေ ဖြစ်တတ်ပါတယ်။ ဒါအချက်တွေကြောင့် မဟုတ်ဘဲ ခဏခဏဆီးသွားနေတယ်၊ တော်တော်နဲ့ ဆီးမသွားနိုင်ဘူးဆိုရင် ဆီးအိမ်နဲ့ ပတ်သတ်ပြီး တစ်ခုခုချို့ယွင်းမှုရှိနေတာ၊ ဆီးကျိတ်နဲ့ ဆိုင်တဲ့ရောဂါတွေ၊ နှလုံးရောဂါ၊ ခြေထောက်ရောင်ကိုင်းနေတာနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေကြောင့်လည်း အပေါ့သွားတဲ့အကြိမ်ရေကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

play

 

တကယ်လို့ သင် အပေါ့သွားတဲ့ အကြိမ်ရေက (၆) ကြိမ်ထက် လျော့နည်းနေမယ်၊ (၈) ကြိမ်ထက် ပိုများနေမယ်ဆိုရင်တော့ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ဆီးအရောင်က အဝါရောင်ဖျော့ဖျော့ ဖြစ်နေမှ ပုံမှန်အနေအထားလို့ ခေါ်နိုင်ပြီး ဆီးအောင့်ထားတတ်တဲ့အကျင့်ကြောင့် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

သင့်ဆီးကိုကြည့်ပြီး သင့်ကျန်းမာရေးအခြေအနေ ဘယ်လို ခန့်မှန်းလို့ ရလဲ

 

Source : Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ