Health: ယောဂသင်တန်း စတက်မယ့်သူများ သိထားသင့်တဲ့ အချက် (၅) ချက်

ယောဂကျင့်တာက သင့်အတွက် အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်

အစပိုင်းမှာ သင်တန်းမှာ ဆရာနဲ့ သွားလေ့ကျင့်ပြီး အခြေခံပိုင်နိုင်ပြီဆိုရင် အိမ်မှာ ကိုယ်အားရင် အားသလို တိုးတက်အောင် ကျင့်လို့ ရပါတယ်။ ယောဂကျင့်တဲ့သူတွေအတွက် ယောဂကျင့်စဉ်ကို အချိန်မှန်မှန် အနေအထား ပုံစံကျကျ မှန်မှန် ကျင့်သွားနိုင်လေ သင့်အတွက် ရရှိမယ့် အကျိုးရလဒ် ကြီးမားလေလေပါ။ စိတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးများစေတဲ့ ယောဂကျင့်စဉ်ကို စတင်ကျင့်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များနဲ့ ယောဂ စကျင့်ခါစ လူတော်တော်များများ မှားလေ့ရှိတဲ့ အမှားလေးတွေ ပြောပြပေးချင်ပါတယ်။

 

(၁) ကိုယ်တက်မယ့် ယောဂသင်တန်း အဆင့်ကို သေချာအောင် စုံစမ်းထားပါ

play

 

ယောဂကျင့်စဉ်အတွက် အတန်းမှားပြီး စာရင်းသွင်းလိုက်တာမျိုးတွေ တွေ့ဖူးထားလို့ အကြံပေးချင်တာပါ။ ယောဂကျင့်တယ်ဆိုတာမှ သူ့အဆင့်နဲ့သူ တစ်ဆင့်ပြီးမှ တစ်ဆင့် သင်ရတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း ကျင့်ယူရတဲ့ လေ့ကျင့်ခန်းမို့လို့ အခုမှ စကျင့်မယ်ဆိုရင် Beginner အဆင့် သင်တန်းချိန်ကို အပ်ပါ။ ကိုယ် သင်ယူရမယ့် အဆင့်မဟုတ်ဘဲ အဆင်ပြေတဲ့ အချိန်က အတန်းကို အပ်မယ် ဆိုရင် ရေမကူးတတ်သေးတဲ့သူဟာ အရမ်းနက်တဲ့ ရေကူးကန်ထဲ ဒိုင်ဗင်ထိုးချလိုက်သလိုပါပဲ။

 

(၂) သင်တန်းမှာ ရှက်နေကြောက်နေတာမျိုး မလုပ်ပါနဲ့

play

 

ကိုယ့်ကို ယောဂဆရာ ဆရာမကို ကိုယ်နဲ့အတူ ကိုယ်က ခုမှ စသင်မယ့်သူ ဖြစ်ကြောင်း ပြောပြထားပါ။ယောဂသင်တန်းက သင်တန်းသားတွေကိုလည်း ရှက်နေဖို့ မလိုပါဘူး။ အာရုံစိုက်ဖြစ်ဖို့သာ ဂရုစိုက်ထားပါ။ သင်ပေးမယ့် ဆရာကို  နာကျင်တဲ့ဒဏ်ကို မခံနိုင်ရင် မခံနိုင်ကြောင်းကိုလည်း ပြောပြထားပါ။

 

(၃) လှုပ်ရှားရလွယ်ကူပြီး ကိုယ်နဲ့ တစ်သားတည်းဖြစ်နေမယ့် အဝတ်အစားမျိုးကို ရွေးဝတ်သွားပါ

play

လူတော်တော်များများဟာ ဝနေတာ၊ အဆီတွေ ရှိနေတာကို သူများမြင်မှာ ရှက်တယ်ဆိုပြီး အင်္ကျီအပွ၊ ဘောင်းဘီအပွကြီးတွေနဲ့ လာကျင့်ကြပါတယ်။ အမှန်တော့ ယောဂကျင့်တယ်ဆိုတာ ကိုယ်နဲ့တစ်သားတည်းကပ်ရပ်နေပြီး အသက်ရှုချောင်တဲ့ အင်္ကျီ ဘောင်းဘီနဲ့ မှ အဆင်ပြေမှာပါ။ ကွေးရဆန့်ရလွယ်မယ်၊ ချွေးကောင်းကောင်းစုပ်နိုင်တဲ့ ချည်သားစွပ်ကျယ်၊ ဘောင်းဘီသာ ဝတ်ပါ။ ကွက်တိဖြစ်နေတော့ နည်းနည်းလေးတော့ ကသိကအောက်ဖြစ်နိုင်ပေမယ့် နောက်ပိုင်းကျရင် ကိုယ်လုံးက ကျစ်လစ်ပြီး အလှကြီးလှလာမှာမို့ နည်းနည်းလေးပဲ သည်းခံလိုက်ပါ။

 

(၄) စိတ်ထဲမှာ ငါ ဒီလိုယောဂပုံစံတွေ လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မနေပါနဲ့

play

ယောဂသင်တန်းမှာ သင့်ကို ဘယ်သူကမှ ဝေဖန်သုံးသပ်မနေပါဘူး။ ပြောတဲ့အတိုင်းလိုက်ကျင့်တယ်။ အရမ်းကြီး မဖြစ်မြောက်ဘူးဆိုရင်လည်း ရှက်စရာမလိုပါဘူး။ ယောဂဆိုတာ အသက်ရှုခြင်းကနေစပြီး သင့်ခန္ဓာကိုယ်ကို စိတ်နဲ့ ဆက်သွယ်ပေးတဲ့ ကျင့်စဉ်တစ်ခုပါ။ လွယ်လွယ်ပြောရရင် လှုပ်ရှားနေရင်းနဲ့ တရားမှတ်နေတာနဲ့ အတူတူပါပဲ။ တစ်ရက်တည်းနဲ့တော့ ဘယ်သူမှ အဆင်ပြေသွားတာမျိုး မရှိခဲ့ပါဘူး။ ကျင့်ရင်းနဲ့မှ တစ်ဖြည်းဖြည်း အသားကျလာပြီး တစ်ရက်ထက် တစ်ရက် ပိုအဆင်ပြေလာပါလိမ့်မယ်။

 

(၅) ယောဂမကျင့်မီ သုံးနာရီအတွင်း အစာမစားလာပါနဲ့

play

ဗိုက်အပြည့်ဖြည့်ပြီး သင်တန်းလာလို့ မရပါဘူး။ စားချင်ရင် သင်တန်းပြီးတဲ့အခါ ဗိုက်ကလည်းဆာနေမှာမို့ အဲဒီအချိန်ကျမှသာ စားပါတော့။ ဗိုက်ထဲမှာ အစာအပြည့်နဲ့ ယောဂကျင့်တဲ့အခါ စိတ်မငြိမ်တော့တဲ့အပြင် ခန္ဓာကိုယ်တွင်းက အစာခြေစနစ်ကိုပါ သွားပြီး အနှောင့်အယှက်ပေးသလို ဖြစ်ကုန်ပါလိမ့်မယ်။ ကိုယ်ကို ကွေးတာ၊ ညှစ်တာလုပ်တဲ့အခါ အူထဲမှာ အစာတွေရှိနေတာကြောင့် အစာအိမ်ကို ထိခိုက်စေပါတယ်။

ယောဂသင်တန်း စတက်မယ့်သူများ ဆောင်ရန် ရှောင်ရန်

 

Source : doyouyoga

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ