အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ အတုအစစ် ခွဲတတ်ဖို့တော့ လိုတာပေါ့။
 

ပန်းဝတ်မှုန်လေးတွေကို ပျားလေးတွေက လိုက်လံစုဆောင်းပြီး ဖန်တီးထားတာမို့ ပျားရည်ဟာ ထူးခြားရဲ့ အနံ့အရသာ ရှိပါတယ်။ အလှအပအတွက်လည်း အသုံးပြုနိုင်သလို ဆေးဘက်လည်းဝင်ပါတယ်။ ပျားရည်ရဲ့ အိမ်သုံးဆေးနည်းတွေကို သိထားမယ်ဆို လိုအပ်တဲ့အချိန်မှာ တကယ်အသုံးတည့်မှာပါ။

ဆက်စပ်ဖတ်ရှုဖို့ဆောင်းပါး ---> ပျားရည် အတုနဲ့ အစစ် ခွဲခြားနည်း

၁။ အိပ်ပျော်ချင်ရင်

ပျားရည်က အိပ်စက်မှုအတွက် အထောက်အကူကောင်း ဖြစ်စေပါတယ်။ ညမအိပ်မီ ပျားရည်ကို လက်ဖက်စားဇွန်း ၂ ဇွန်းလောက် သောက်ပေးတဲ့အခါ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ရေနဲ့ရောစပ်၍ သောက်နိုင်သလို ပျားရည်ချည်းသက်သက်လည်း သောက်လို့ရပါတယ်။

၂။ သွားကိုက်ရင်

သစ်ကြံပိုးခေါက်က သွားကိုက်သက်သာစေပါတယ်။ ပျားရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီးအစွမ်းထက်ပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို ဆတူရောပြီး သွားကိုသိပ်ပေးထားပါ။

၃။ လည်ချောင်းနာ

ရေနွေးတစ်ခွက်လောက် ယူလိုက်ပါ။ သံပရာရည် လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းတို့ကို ရောမွှေထည့်ပြီး သောက်ပေးမယ်ဆို လည်ချောင်းနာ သက်သာသွားပါလိမ့်မယ်။

 

၄။ ဝိတ်ကျချင်လား

သစ်ကြံပိုးခေါက်မှုန့် လက်ဖက်စားဇွန်းဝက်၊ ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းတို့ကို ရိုးရိုးရေ တစ်ခွက်နဲ့ ရောစပ်ပြီး သောက်သုံးပေးမယ်ဆို မကြာခဏ ဆာလောင်တာမျိုး မဖြစ်တော့ဘဲ ဝိတ်ကျဖို့ အထောက်ကူကောင်း ဖြစ်စေပါတယ်။

၅။ ချောင်းဆိုးပျောက်

သံပရာသီး/သံပရိုသီးကိုကို ပျားရည်နဲ့ရောသောက်တဲ့အခါ ချောင်းဆိုးလည်းပျောက်ပါတယ်။ သံပရာရည် လက်ဖက်စားဇွန်း ၄ ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း ၈ ဇွန်းကို ရောစပ်ထားပါ။ တစ်နေ့ကို ၃ ကြိမ်လောက် သောက်ပေးရင် သက်သာသွားပါလိမ့့်မယ်။ ချောင်းဆိုးပျောက်ဆေးထက် ပိုပြီးစွမ်းပါတယ်။

၆။ နှာပိတ်ပျောက်စေ

ရေနွေး ၂၅၀ မီလီလီတာထဲကို ပန်းသီးဗီနီဂါ (apple cider vinegar) ထမင်းစားဇွန်း ၂ ဇွန်း လောင်းထည့်လိုက်ပါ။ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်း ထပ်မံရောထည့်ပြီး သောက်ပေးမယ်ဆို နှာပိတ်တာပျောက်ပြီး အသက်ရှုလို့အဆင်ပြေသွားပါတယ်။

 

၇။ အဆိပ်ပြေ

ဆေးဘက်ဝင်အရွက်ခြောက်တွေကို ရေနွေးအဖြစ်နဲ့ သောက်သုံးရာမှာ ပျားရည်လေးစပ်ပြီး သောက်ပေးမယ်ဆို ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေ ပြေစေပါတယ်။ ပျားတုပ်ခံရရင်လည်း အတုပ်ခံရတဲ့နေရာကို ပျားရည်လေးလိမ်းထားမယ်ဆို နာကျင်ရောင်ရမ်းတာ ပျောက်ပါတယ်။

၈။ အအေးမိသက်သာ

ရေနွေးတစ်ခွက်၊ သံပရာရည် ထမင်းစားဇွန်း  ၁ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းတို့ကို ရောစပ်လိုက်ပါ။ တစ်နေ့နှစ်ကြိမ် သောက်ပေးရင် အအေးမိတာ သက်သာပျောက်ကင်းနိုင်ပါတယ်။

Source : Good News

Share

Loading Next Article...
က္က