အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာမလိုဘဲ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။
 

အကြောလျှော့ခြင်းဟာ ခန္ဓာကိုယ်အတွက် အရမ်းကို အကျိုးဖြစ်စေပါတယ်။ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာမလိုဘဲ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ဖို့ကိုတောင် အချိန်မပေးနိုင်ဘူးလား? တီဗီကြည့်နေတဲ့ အချိန်တိုလေးအတွင်းမှာပဲ ပြုလုပ်နိုင်မယ့် အကြောလျှော့လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ လက်လွှဲ

တင်ပါးအကျယ်အတိုင်း ခြေခွဲရပ်နေပါ။ လက်နှစ်ဖက်ကို သက်တောင့်သက်သာ အနေအထားနဲ့ ဘေးမှာချထားရပါမယ်။ လက်ဖဝါးနှစ်ဖက် ဖြန့်ထားပြီး ဒူးကို အနည်းငယ်ကွေးကာ ကျောကိုဆန့်ထားရပါမယ်။ လက်ကို ရှေ့ကိုလွှဲလိုက်ချိန်မှာ ဒူးကိုတပြိုင်နက်တည်းကွေးလိုက်ပါ။ လက်ပြန်ကပ်လိုက်တာနဲ့ မတ်တပ်ပြန်ဆန့်လိုက်ရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ပြုလုပ်ပါ။

 

၂။ ခြေကျင်းဝတ်

ထိုင်ခုံမှာ ထိုင်နေရင်း လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေသလုံးကြွက်သားတွေအတွက် ကောင်းတဲ့ လေ့ကျင့်ခန်းပါ။ ခြေတစ်ချောင်းကို ထုတ်ပြီး ခြေကျင်းဝတ်ကို အထဲမှအပြင်သို့ ဝိုက်ပေးရမှာဖြစ်ပါတယ်။ ၅ ကြိမ်လုပ်ပြီးရင် တခြားခြေတစ်ဖက်ကို ပြောင်းလုပ်ပါ။ ၁၀ ကြိမ် လုပ်ပေးရပါမယ်။

 

၃။ လက်ဆန့်

လက်ချောင်းလေးတွေကို အချင်းချင်း ရောယှက်လိုက်ပါ။ အပြင်ကိုလှန်ပြီး ဆန့်ထုတ်လိုက်ရမှာဖြစ်ပါတယ်။ အမြင့်ကိုတော့ ပခုံးအမြင့်ကနေ လက်ကို အပြင်ကိုတွန်းထုတ်သလို ဆန့်ပေးရမှာပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀ နေပေးရမှာဖြစ်ပါတယ်။

 

၄။ ပေါင်တွင်းကြောတွေလျော့ဖို့

ထိုင်လျက် အနေအထားနဲ့ လုပ်ရတဲ့ အကြောလျော့နည်း ဖြစ်ပါတယ်။ ကြမ်းပြင်မှာ ထိုင်နေပါ။ ခြေဖဝါးနှစ်ဖက်ကို ထိကပ်ပြီး ပေါင်ကြားကို ရောက်နိုင်သမျှရောက်အောင် တိုးထားရပါမယ်။ ပူးထားတဲ့ခြေဖဝါးတွေကို လက်က ကိုင်ပြီးထိန်းထားပေးပါ။ ရင်ဘတ်ကို ခြေဖဝါးတွေနဲ့ထိအောင် ဖြည်းဖြည်းချင်း ညွှတ်ပေးပါ။ စက္ကန့် ၃၀ နေပေးရုံနဲ့ ပေါင်တွင်းကြော တင်းနေတာတွေ ပြေလျော့သွားမှာဖြစ်ပါတယ်။

Source : Prevention

Share

Loading Next Article...
က္က