ခွန်အားဖြည့် အချိုရည်တွေဟာ သကြားဓာတ်နဲ့ ကဖင်းဓာတ် မြင့်မားစွာ ပါဝင်နေလို့ သင့်ကို ဝိတ်တက်စေမယ့်အပြင် နှလုံးကိုလည်း ထိခိုက်စေပါတယ်။
 

တစ်နေ့လုံး အလုပ်စားပွဲမှာထိုင်ရင်းနဲ့ တစ်နေ့တစ်ခြား ဝိတ်တွေလည်းတက်လာလိုက်တာ ဗိုက်ခေါက်တောင် ထွက်လာပြီ။ ဘာမှလည်း သိပ်မစားရပါဘဲ တက်လိုက်တဲ့ဝိတ်က မရပ်တော့ဘူး။ အချိန်ကြာကြာထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း များနေပါသေးတယ်။ အထိုင်များတဲ့အလုပ်ကို လုပ်နေရသူတွေ ဝိတ်ကျဖို့အတွက်ဆို ဒါတွေကို လိုက်နာသင့်ပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်မည့်ဆောင်းပါး ---> နေ့စဉ်လုပ်သင့်တဲ့ လည်ပင်းအကြောလျှော့လေ့ကျင့်ခန်း

 

၁။ ဒါတွေကို ဖယ်ရှားလိုက်တော့

အံဆွဲထဲက၊ စားပွဲပေါ်က သွားရေစာ ဆီကြော်မုန့်တွေ၊ အာလူးကြော်တွေကို မထားပါနဲ့တော့။ ထိုင်နေရင်းနဲ့ မဆာဘဲ စားမိရာက ဝိတ်တက်လာရပါတယ်။ Diet soda ကို သောက်ရင် ဝိတ်မတက်ဘူးလို့ ထင်နေတာလား။ Diet soda/cola စတာတွေက တကယ်တမ်းတော့ ဝိတ်ကျဖို့အထောက်အကူမဖြစ်ပါဘူး။ ကျန်းမာရေးနဲ့လည်း မညီညွတ်တာမို့ အနားမှာဆောင်ထားပြီး သောက်ချင်သလိုသောက်နေတာကို ဖြတ်လိုက်ပါ။ အိပ်ရေးမဝလို့ ၊ ခေါင်းမကြည်လို့ ခွန်အားဖြည့် အချိုရည်တွေကိုလည်း သောက်နေမိပါတယ်။ ခွန်အားဖြည့် အချိုရည်တွေဟာ သကြားဓာတ်နဲ့ ကဖင်းဓာတ် မြင့်မားစွာ ပါဝင်နေလို့ သင့်ကို ဝိတ်တက်စေမယ့်အပြင် နှလုံးကိုလည်း ထိခိုက်စေပါတယ်။

 

၂။ ဒါတွေနဲ့ အစားထိုးပါ

နေ့လယ် ၂ နာရီလောက်ဆို လူက ငိုက်ချင်လာပြီ။ ကော်ဖီလေးသောက်လိုက်ရမှ။ Black Coffee (ဘာမှထပ်ဖြည့်မထားတဲ့ ကော်ဖီ)ဆိုရင်တော့ ကောင်းတာပေါ့။ သကြားတွေထည့်၊ နို့မှုန့်တွေထည့်နဲ့ ကော်ဖီသောက်ရင်း ဝိတ်က တက်လာရပါတယ်။ အိပ်ချင်ပြေအောင် ကဖင်းဓာတ်ကိုစားသုံးချင်ရင် ရေနွေးကြမ်းသောက်ကြည့်ပါ။ ရေနွေးကြမ်းကလည်း အိပ်ငိုက်ပြေစေပါတယ်။ သံပရာသီးလေးညှစ်သောက်တာ၊ ပျားရည်လေးထည့်သောက်တာမျိုး လုပ်နိုင်ပါတယ်။ အချိုဓာတ်ထပ်ဖြည့်စရာမလိုတော့ ဝိတ်မတက်တော့ဘူးလေ။

 

၃။ ဘာတွေစားမလဲ

သွားရေစာလေးတွေကို စားပွဲထဲမှာထည့်ထားတော့ ဗိုက်ဆာလာရင် ထစားစရာမလိုဘဲ ရှိတာလေးကောက်စားပြီး အလုပ်ဆက်လုပ်နိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ့်ကို ဝိတ်မတက်စေတဲ့ သွားရေစာမျိုးကိုတော့ ရွေးရမှာပေါ့။ ချောကလက်နက်၊ အယ်လ်မွန်စေ့၊ သစ်သီးစုံတို့လိုမျိုး ဝိတ်မတက်ဘဲ စိတ်ခံစားချက်ကောင်းနေစေမယ့် သွားရေစာလေးတွေကို ရွေးနိုင်ပါတယ်။ ဗိုက်မဆာဘဲ စားချင်ဝါးချင်နေတဲ့စိတ်ကို ပြေပျောက်ဖို့က ပီကေလေးဝါးပေးပေါ့။

Source : Shape

Share

Loading Next Article...
က္က