AD
AD
AD

ဗီတာမင် အီး (Vitamin E) ကို နုပျိုစေတဲ့ ဗီတာမင် ဓာတ်တစ်ခုအဖြစ် လူသိများကြပါတယ်။ အားဆေး ဝယ်မယ်၊ Skincare ဝယ်မယ်ဆိုရင်တောင် "အစ်မရေ ဒီဆေးက ဗီတာမင် အီး ဓာတ် အများကြီး ပါတယ်လေ... အသားအရေ စိုပြေနုပျိုစေတယ်... အရေးအကြောင်းတွေလည်း ပျောက်သွားမယ်... အရင်ကထက်လည်း ပိုပြီးလှလာမှာ... " ဆိုပြီး ဝယ်ချင်စရာဖြစ်အောင် ပြောပြီး ရောင်းတာ တွေ့ဖူးကြမှာပါ။ ဘယ်လိုဖြစ်လို့ ဒီ ဗီတာမင် အီး ပါတယ်ဆိုရင် နုပျိုစေရတာလဲ။ ဘာတွေများ ဒီလောက်တောင် ကောင်းတာတွေ လုပ်ပေးလို့လဲ။

play

 

ဗီတာမင် အီး မှာ အခြေခံအားဖြင့် တော်ကိုဖယ်ရောလ် (Tocopherols) နဲ့ တော်ကိုထရီရယ်နောလ်  (Tocotrienols) ဆိုပြီး အုပ်စုနှစ်စု ပါဝင်ပါတယ်။ ဗီတာမင် အုပ်စုတွေထဲကမှ အယ်လ်ဖာ တော်ကိုဖယ်ရောလ် (Alpha-tocopherols) က ဓာတ်တိုးဆန့်ကျင်မှု အများဆုံးပြုလုပ်တဲ့ အုပ်စုဖြစ်ပါတယ်။ ဗီတာမင် အီးက လူ့ခန္ဓာကိုယ်ရဲ့ အဆီဆဲလ်တွေထဲမှာ နေထိုင်ပြီး အဆီထဲမှာ ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင့်မှုတွေကို ပြုလုပ်ပေးပါတယ်။ ဗီတာမင် အီး က ဆဲလ်အမြှေးပါးပေါ်မှာ တွယ်ကပ်နေထိုင်ရင်းနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။

play

 

ဆဲလ်တစ်ခုမှာ အီလက်ထရွန် တစ်စုံစီ ရှိရပါတယ်။ အီလက်ထရွန် အစုံလိုက်မရှိတဲ့ မော်လီကျူးတွေက ကိုယ်တိုင်အီလက်ထရွန်မပြည့်စုံတဲ့အတွက်ကြောင့် တခြားဆဲလ်အကောင်းတွေကို တွယ်ကပ်ပြီး တခြား ပြည့်စုံတဲ့ ဆဲလ်တွေဆီကနေ အီလက်ထရွန်တွေ ခိုးယူခြင်းကို လုပ်ပါတော့တယ်။  ဒီလို အီလက်ထရွန်ခိုးယူမှုက တခြား ဆဲလ်အကောင်းတွေနဲ့ တစ်ရှုးတွေကိုပါ ပျက်စီးစေတတ်ပြီး  ဗီတာမင်အီးက ဆဲလ်များ မထိခိုက် မပျက်စီးစေရန် ကာကွယ်ပေးပါတယ်။ နောက်ပြီး ဆဲလ်တွေ ပွားများဖို့၊ ဆဲလ်တွေ ပြန်လည်ကြီးထွားဖို့အတွက်လည်း ကူညီပေးပါတယ်။

play

 

ဗီတာမင် အီးက အဆီခဲတွေကို ခြေဖျက်ပေးတဲ့အတွက် နှလုံးသွေးကြောတွင်းမှာ အဆီပိတ်ဆို့မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေတယ်။ ဗီတာမင် အီး က သတ္တဝါများ မျိုးပွားခြင်းနဲ့ ချိတ်ဆက်နေတာဖြစ်ပြီး မျိုးမပွားနိုင်ခြင်း (မြုံခြင်း) နဲ့ ခံတွင်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာ၊ အရေပြားကင်ဆာနှင့် သားအမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဗီတာမင် အီး အကျိုးကျေးဇူးများ

 

ဗီတာမင်အီးကို သည်းခြေရည်နဲ့ ပန်ကရိယကနေ ထုတ်လုပ်တဲ့ အင်ဇိုင်း (Enzymes) တွေကနေ စုပ်ယူပေးကြပါတယ်။ သာမန်လူတွေမှာ ဗီတာမင် အီး ချို့တဲ့လေ့မရှိပါဘူး။ သုတေသနပြုချက်တွေအရ ဗီတာမင် အီး ချို့တဲ့သူတွေမှာ မျိုးမပွားနိုင်ခြင်း၊ ကြွက်သားများ အားအင် ချည့်နဲ့နေခြင်း၊ ဦးနှောက် ဖွံ့ဖြိုးမှု အားနည်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရလေ့ ရှိပါတယ်။ နေ့စေ့ လစေ့မဟုတ်တဲ့ ကလေးငယ်တွေမှာဆိုရင် ဗီတာမင် အီး ချို့တဲ့ခြင်းကြောင့် သွေးနီဥများ ပျက်စီးတဲ့ သွေးအားနည်းရောဂါတွေ ဖြစ်လေ့ရှိတယ်။

play

 

လူလတ်ပိုင်းတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် အီး (၈၀၀) မီလီဂရမ် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ဘေးဥပါဒ်    မဖြစ်စေနိုင်ဘူးလို့ ဆိုထားပါတယ်။ လူ့ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ဗီတာမင် အီး ပမာဏက တစ်နေ့လျှင် ဗီတာမင် အီး (၄၀၀) မီလီဂရမ်မျှ ဖြစ်ပါတယ်လို့ သုတေသီတို့က အကြံပြုထားကြပါတယ်။ ဗီတာမင် အီး ကြွယ်ဝတဲ့အစားအစာတွေကတော့ နေကြာစေ့လို အခွံမာအစေ့အဆံတွေ၊ သံလွင်ဆီ၊ မြေပဲဆီ၊ ပြောင်းဆီ၊ ပဲပုပ်ဆီနဲ့ နေကြာဆီ စသော ဟင်းသီးဟင်းရွက်ဆီများ၊ ထောပတ်သီး၊ မက်မန်းသီး အစရှိတဲ့အသီးအနှံတွေ ဖြစ်ပါတယ်။

Source : berkeleywellness

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD