ခါးနာတာကို ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။
 

အလုပ်မှာ အချိန်ကြာကြာထိုင်ရသူတွေနဲ့ အလေးအပင် သယ်ပိုးနေရသူတွေမှာ ခါးနာ၊ ကျောနာ ဖြစ်တတ်ပါတယ်။ ခါးနာတာကို ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဆက်စပ်နေတဲ့ အခြား ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်လို့ပါ။ ကျောနာ၊ ခါးနာတာကို ပျောက်ဖို့အတွက် ယောဂပုံစံလေးတွေလည်း ရှိပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။

 

အလွယ်ဆုံးနည်းကို စပြောပါ့မယ်။ ခြေကိုဆန့်ပြီး ထိုင်ကာ လက်နှစ်ဖက်ကို ပေါင်မှာ ကပ်ထားပါ။ ခြေဖဝါးတွေကို လက်ဖဝါးတွေနဲ့ထိအောင် ကိုယ်ကို ကွေးညွှတ်လိုက်ရမှာ ဖြစ်ပါတယ်။ သုံးကြိမ် အသက်ရှုသွင်း၊ ရှုထုတ် လုပ်ပြီးတဲ့အထိ အနေအထားမပျက် နေပေးရပါမယ်။ ပြီးရင် ခါးကိုပြန်မတ်ပြီး နောက်တစ်ကြိမ် ပြန်လုပ်ရပါမယ်။

 

ဒုတိယနည်းကလည်း မခက်ပါဘူး။ ဆက်လုပ်ကြည့်ပါဦး။ ခြေကိုပူးပြီး မတ်တပ်ရပ်နေပါ။ ခါးကို ကိုင်းညွှတ်လိုက်ရပါတယ်။ တပြိုင်နက်တည်းမှာပဲ လက်နှစ်ဖက်က နောက်ကိုပစ်ကာ လက်ချောင်းလေးတွေယှက်ပြီး ကောင်းကင်ပေါ်ကို ဆန့်ထားလိုက်ပါ။ တံတောင်ဆစ်ကို မကွေးပါစေနဲ့။ သုံးကြိမ် အသက်ရှုသွင်း၊ ရှုထုတ် လုပ်ပြီးတဲ့အထိ အနေအထားမပျက် နေပေးရပါမယ်။ ဒီယောဂကျင့်စဉ်ဟာ နောက်ကျောနာတာတွေ သက်သာသွာားစေမယ့်နည်း ဖြစ်ပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က