ဒီအရာတွေက ဆီးချိုအမျိုးအစား-၂ ဖြစ်နိုင်ပါတယ်။
 

ဆီးချိုရောဂါနဲ့ ဆီးချိုရောဂါရဲ့ရှေးပြေးလက္ခဏာတွေဟာ ကမ္ဘာတစ်ဝန်းမှာ ပိုမိုပျံ့နှံ့လာပါတယ်။ ဖြစ်လို့ဖြစ်နေမှန်း မသိလိုက်ခင်မှာတင် ဆီးချိုရောဂါကို ခံစားနေရသူတွေလည်း ရှိပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ အသက် ၄၅ နှစ် ကျော်သူတိုင်း ဒီစစ်ဆေးမှုကို ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို စောစီးစွာသိရှိနိုင်မယ်လို့ ဆိုပါတယ်။ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေခြင်းက ဆီးချိုဖြစ်ပြီလို့တော့ မဆိုလိုနိုင်ပါဘူး။ ဒီအဆင့်မှာတင် ဆီးချိုဖြစ်မလာအောင် တားဆီးလို့ရနိုင်မှာဖြစ်ပါတယ်။

၁။ အစာအိမ်ထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ လုံလုံလောက်လောက် ရှိနေသလားဆိုတာ စစ်ဆေးပါ။ ဘာလို့လဲဆိုတော့ ယင်းဘက်တီးရီးယားတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အကူအညီပေးမှာဖြစ်ပြီး ယင်းဘက်တီးရီးယားတွေ လျှော့နည်းတဲ့အခါ သွေးတွင်းက အချိုပမာဏ မြင့်တက်လာတယ်လို့ ချီကာဂိုရှိ University of Illinois Medical Center ရဲ့ သုတေသီက ပြောပါတယ်။ အမျှင်ဓာတ်ပါတာ များများစားပေးသင့်ပါတယ်။

 

၂။ အိပ်ရေးပျက်ခြင်းကလည်း ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ အိပ်ရေးပျက်တဲ့လူတွေဟာ လေ့ကျင့်ခန်းမလုပ်တဲ့အပြင် ဆေးလိပ်ပါသောက်တယ်ဆိုရင်တော့ ဆီးချိုဖြစ်နိုင်ခြေ မြင့်သတက်မြင့်လာပါတယ်။ ည ၁၁ မတိုင်မီ အိပ်နိုင်ဖို့ ကြိုးစားပါ။

၃။ ပြင်သစ်သုတေသီတွေက ဆရာမ ၈၂၀၀၀ ကို လေ့လာကြည့်ရာမှာ A သွေးပိုင်ရှင် အမျိုးသမီးတွေနဲ့ B သွေးပိုင်ရှင် အမျိုးသမီးတွေဟာ O သွေးပိုင်ရှင် အမျိုးသမီးတွေနဲ့ယှဉ်ရင် ဆီးချိုရောဂါအမျိုးအစား-၂ ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းနဲ့ ၂၁ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ ဆိုပါတယ်။

၄။ အသက်အရွယ်ကလည်း စကားပြောပါတယ်။ သက်လတ်ပိုင်းမှာ ဆီးချိုရောဂါ စတင်ဝင်ရောက်လာတတ်ပြီး အသက် ၆၀ ဝန်းကျင်မှာတော့ ဆီးချိုရောဂါကို ပိုမိုခံစားလာရပါတယ်။ ယင်းအချိန်တွမှာ အဆီတွေက ဝမ်းဗိုက်၊ ကြွက်သားနဲ့ အသည်းတွေမှာစုလာပြီဖြစ်လို့ ဆီးချိုဝေဒနာကို ပိုခံစားရတာပါ။ လှုပ်ရှားမှုနည်းလာတာကြောင့်လည်း ပါဝင်ပါတယ်။

 

၅။ ဗီတာမင် D လုံလောက်စွာ ရရှိဖို့လည်း လိုအပ်ပါတယ်။ နေရောင်ခြည်ကရတဲ့ ဗီတာမင် D ဟာ ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယံ (calcium) စုပ်ယူမှုကို အထောက်အကူဖြစ်စေလို့ အရိုးနဲ့ကြွက်သားတွေကို သန်မာအောင် ကူညီပေးပါသေးတယ်။ ဒါကြောင့်မို့လို့ ကိုယ်တွင်းက ဂလူးဂို့စ် (glucose) ဖြစ်စဉ်တွေကို ကောင်းမွန်ကို ထိန်းပေးထားနိုင်မှာပါ။

Source : Prevention

Share

Loading Next Article...
က္က