ရေနွေးထဲထည့်သောက်တာ၊ အရည်ညှစ်သောက်တာနဲ့ အမှုန့်ကို ပျားရည်လေးနဲ့ရောစားတာမျိုးက တကယ်အကျိုးထူးပါလိမ့်မယ်။
 

အိမ်က မီးဖိုချောင်ထဲမှာ အမြဲတမ်းရှိနေတဲ့ ဟင်းခတ်တစ်မျိုးကို ပြပါဆိုရင် ကြက်သွန်နဲ့ ဂျင်းပါပဲ။ ဂျင်းအကြောင်း ပြောရအောင်ပါ။ ဂျင်းကို ဟင်းတိုင်းမှာတော့ ထည့်ချက်လေ့မရှိပါဘူး။ အရသာက ပူစပ်စပ်ရှိပြီး ဟင်းရဲ့အနံ့အရသာကို ကောင်းမွန်သွားတဲ့ဂျင်းဟာ ကျန်းမာရေးအတွက်လည်း အထောက်အကူကောင်းတွေဖြစ်စေပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ပမာဏကိုသာ စားပေးမယ်ဆို အရမ်းကို ကောင်းကျိုးပေးမှာ အသေချာအချာပါပဲ။

 

၁။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး

ဂျင်းမှာပါဝင်တဲ့ sesuiterpenes ဆိုတဲ့ ဓာတ်တစ်မျိုးက အအေးမိခြင်းကို သက်သာပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။ ဂျင်းပါးပြားပြားလေးတွေကို ရေနွေးထဲထည့်သောက်ပေးမယ်ဆို နှာစေး၊ နှာပိတ်တာ စတဲ့ အအေးမိတုပ်ကွေးရဲ့ ဝေဒနာတွေကို သက်သာစေကြောင်း ကာဒစ်ဖ် တက္ကသိုလ်ရဲ့ သုတေသီတွေက သက်သေပြခဲ့ကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေလည်း ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေဦးမှာပါ။ အဖျားကို ကျစေပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။

eatgingerarthritis_1000.jpg 

၂။ အဆစ်မြစ်ကိုက်ခဲမှုသက်သာစေ

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ဂျင်းမှာပါဝင်တဲ့ gingerols က ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ cytokines တွေ ဖြစ်မလာအောင် ဟန့်တားပေးနိုင်ပါတယ်။ ဒူးဆစ်တွေ ကိုက်တာကိုလည်း သက်သာစေတာမို့ ဂျင်းဟာ အသက်ကြီးသူတွေ ဆောင်ထားရမယ့် သဘာဝဆေးတစ်ခုပါပဲ။

eatgingerpostworkout_1000.jpg 

၃။ ကြွက်သားနာကျင်မှု သက်သာစေ

Gym သွားလို့ ကြွက်သားတွေ နာကျင်တာ၊ အလေးအပင် သယ်ရလို့၊ ပြေးလို့၊ စသဖြင့် ပုံမှန်လှုပ်ရှားမှုထက် ပိုမိုလှုပ်ရှားတဲ့အခါ ကြွက်သားမျှင် သေးသေးလေးတွေက စုတ်ပြဲသွားရပါတယ်။ နောက်ဆက်တွဲ ကြုံရတဲ့ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကိုတော့ ဂျင်းကို ဆေးတစ်လက်လို ကုသပေးနိုင်ပါတယ်။ ဂျင်း ၂ ဂရမ် ပမာဏကို နေ့စဉ်စားပေးမယ်ဆို လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတဲ့ ကြွက်သားနာကျင်မှုတွေဟာ ၂၄ နာရီအတွင်း ပျောက်သွားမှာဖြစ်ပါတယ်။

eatgingermigraine_1000.jpg 

၄။ ခေါင်းကိုက်သက်သာ

ခေါင်းတစ်ခြမ်းကိုက်တဲ့ကိစ္စဟာ လူအတော်များများ ကြုံရပါတယ်။ ရံဖန်ရံခါမှ ဖြစ်တတ်တာမျိုး ဆိုသည့်တိုင်အောင် ဘယ်သူကမှတော့ မခံစားလိုကြပါဘူး။ ဂျင်းခြောက်မှုန့်ကို သောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်။ အာရုံကြောပညာရှင်တွေကတော့ ဂျင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုကို ထောက်ပံ့ပေးတယ်လို့လည်း ဆိုကြပါတယ်။

Source : Prevention


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က