ကမ္ဘာ့လူဦးရေရဲ့  သုံးပုံတစ်ပုံခန့်ဟာ တီဘီရောဂါဖြစ်ပွားနေတယ်။
 

မြန်မာနိုင်ငံမှာ နှစ်စဉ်တီဘီလူနာသစ် နှစ်သိန်းခန့် ဖြစ်ပွားနေပြီး ၂၀၁၆ နှစ်ချုပ် အစီရင်ခံစာအရ လူနာတစ်သိန်းခွဲခန့်ကိုသာ ရှာဖွေကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့လူဦးရေရဲ့  သုံးပုံတစ်ပုံခန့်ဟာ တီဘီရောဂါဖြစ်ပွားနေပြီး လူနာ ၁၀ ဒသမ ၄ သန်းခန့်မှာ ၁ ဒသမ ၈ သန်းခန့် သေဆုံးနေကြောင်း မတ်လ ၂၄ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားတာ ဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

‘‘မြန်မာနိုင်ငံမှာလည်း တီဘီ၊ အိတ်ချ်အိုင်ဗီနဲ့ ဆေးယဉ်ပါး တီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်’ လို့ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားတာ ဖြစ်ပါတယ်။

 

တီဘီရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် (၁၅) နှစ်မှ (၅၄) နှစ်အရွယ်တွေဖြစ်တာကြောင့်  အဆိုပါအသက်အပိုင်းအခြားဟာ  တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား အပေးနိုင်ဆုံးအုပ်စုအဖြစ် သတ်မှတ်ထားကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၄ တီဘီနဲ့ အိတ်ချ်အိုင်ဗီရောဂါ စစ်တမ်းတွေအရ တီဘီလူနာသစ်တွေရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းဟာ အိတ်ချ်အိုင်ဗီ ကူးစက်နေကြောင်းနဲ့ ၂၀၁၂-၁၃ မှာ ကောက်ယူခဲ့တဲ့ တတိယအကြိမ် ဆေးယဉ်ပါး တီဘီစစ်တမ်းအရ လူနာသစ်တွေရဲ့ ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

ဆေးယဉ်ပါး တီဘီလူနာတွေရဲ့၂၀၁၃ အတွင်း ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ 'End TB Strategy' ကို အခြေခံကာ အမျိုး သားတီဘီရောဂါတိုက်ဖျက်ရေး  ငါးနှစ်စီမံကိန်း National Strategic Plan (2016-2020) ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -လှိုင်သာယာမှာ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှုဖြစ်ပွား )

Source: 7Day Daily

Photos: msfmyanmar.org, unops.org


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က