မနက်ခင်းပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ခွဲလျှောက်ပြီး ညနေဘက်မှာ လေ့ကျင့်ခန်းနည်းနည်းလောက် လုပ်ခြင်းက အဆင်ပြေပါတယ်။

ကိုယ်လက်လှုပ်ရှားဖို့ ပျင်းရိသူတွေ၊ ကျန်းမာရေးလိုက်စားချင်ပေမဲ့ အချိန်မရသူတွေကို နေ့စဉ် ခြေလှမ်းပေါင်း ၁၀၀၀ လျှောက်ပါလို့ တိုက်တွန်းကြပါတယ်။ ခြေလှမ်း ၁၀၀၀ နေ့တိုင်းလျှောက်ပေးရုံနဲ့ ခန္ဓာကိုယ် ကျန်းမာပေါ့ပါးစေတယ်လို့ ဆိုကြတယ်။ တကယ်တမ်းတော့ ခြေလှမ်း ၁၀၀၀ ဆိုတာ လုံလောက်တဲ့ပမာဏမဟုတ်ကြောင်း လေ့လာမှုတစ်ခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယူကေက သုတေသီတွေဟာ စကော့သား စာတိုက်ဝန်ထမ်း ၁၁၁ ဦးရဲ့ ကိုယ်လက်လှုပ်ရှားမှုကို အဆင့်အမျိုးမျိုးနဲ့ လေ့လာခဲ့ကြပါတယ်။ အချို့ကတော့ ရုံးထိုင်ရသူတွေဖြစ်ပြီး အချို့ကတော့ ခြေလျှင်စာပို့ရသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ သွေးတွင်းအချိုပမာဏ (ကိုလက်စထရော)နဲ့ triglycerides (သွေးတွင်းအဆီပမာဏ)၊ သွေးဖိအား၊ ခါးပတ်လည်အတိုင်းပမာဏနဲ့ BMI (ခန္ဓာကိုယ်အလေးချိန်နဲ့အရပ် ညွှန်းကိန်း)တို့ကို တိုင်းတာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ စာတိုက်ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံကိရိယာတပ်ဆင်ကာ ၇ ရက်ဝန်းကျင် စောင့်ကြည့်ခဲ့ပါတယ်။

 

ရုံးထိုင်ရတဲ့ ဝန်ထမ်းတွေက ခါးပတ်လည်ဆိုဒ် ပိုကြီးပြီး သွေးတွင်းအဆီဓာတ်ပိုများတာကိုလည်း တွေ့ရပါတယ်။ ကောင်းတဲ့ကိုလက်စထရော (HDL) လည်း နည်းပါးပါတယ်။ ခြေလျှင်လျှောက်ရသူတွေကတော့ ခါးဆိုဒ်လည်းသေးပြီး သွေးတွင်းအဆီဓာတ်နည်းကာ HDL ကိုလက်စထရော ပိုများတာကို တွေ့ခဲ့ရပါတယ်။ ခြေလျှင်လျှောက်ရတဲ့ ဝန်ထမ်းတွေဟာ တစ်နေ့ကို ခြေလှမ်းပေါင်း ၁၅,၀၀၀ လျှောက်မှသာ ကောင်းကျိုးရတာကို တွေ့ခဲ့ရပါတယ်။

 

ဒါကြောင့်မို့လို့ တစ်နေ့ကို ခြေလှမ်း ၁၀၀၀ ဆိုတာ လုံလောက်တဲ့ ပမာဏ မဟုတ်ကြောင်း သုတေသီတွေရဲ့ထုတ်ပြန်ချက်ကို The International Journal of Obesity ဆေးပညာဂျာနယ်က ကိုးကားဖော်ပြခဲ့ပါတယ်။ ခြေလှမ်း ၁၅,၀၀၀ ကို လျှောက်ဖို့အတွက် ခက်ခဲတယ်ဆိုရင် မနက်ခင်းပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ခွဲလျှောက်ပြီး ညနေဘက်မှာ လေ့ကျင့်ခန်းနည်းနည်းလောက် လုပ်ခြင်းက အဆင်ပြေစေမယ်လို့လည်း အကြံပြုထားပါတယ်။

Source : The International Journal of Obesity, Health

Share

Loading Next Article...
က္က