ကာယလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလည်း ဒါတွေကို အရင်မလုပ်သင့်ပါဘူး။
 

အားကစားသမားဖြစ်စေ၊ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အပြေးလေ့ကျင့်သူဖြစ်စေ အပြေးလေ့ကျင့်တဲ့အခါ နည်းစနစ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ စနစ်မှန်မှန် ပြေးတတ်မယ်ဆို ပိုလည်းပြေးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းကျိုးပေးမှာပါ။ မပြေးခင်မှာ ဒါတွေလုပ်ခြင်းက သင့်ရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကာယလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလည်း ဒါတွေကို အရင်မလုပ်သင့်ပါဘူး။

 

၁။ အများကြီးစားတာ

ကစီဓာတ်ပါတဲ့ အစားအစာတွေစားရင် လှုပ်ရှားမှုတွေအတွက် ခွန်အားရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲ၊ အသားတို့လို အစားအစာတွေကို ဗိုက်ပြည့်အောင် အများကြီး စားပြီးပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်လို့မကောင်းတော့ပါဘူး။ ပြေးနေချိန်မှာ အစာခြေစနစ်ကလည်း လုပ်ဆောင်မှု နှေးသွားပါတယ်။ အစာမကြေတဲ့အပြင် ဗိုက်အောင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။

 

၂။ ရေဓာတ်

ရေဓာတ်မလုံလောက်ခြင်းနဲ့ ရေသောက်များခြင်း နှစ်မျိုးလုံးဟာ မပြေးခင်မှာ ဆင်ခြင်ရမယ့်အရာတွေပါ။ ရေဓာတ်မလုံလောက်ရင်လည်း လူက နုံးချိပြီး မပြေးနိုင်တော့ပါဘူး။ ရေတွေအရမ်းသောက်ထားတော့လည်း ဗိုက်အင့်လို့ ပြေးမရတော့ဘူးလေ။ ရေဓာတ်ကတော့ ခန္ဓာကိုယ်၊ ရာသီဥတု၊ ချွေးထွက်မှုအခြေအနေအလိုက် မျှတအောင် သောက်သင့်ပါတယ်။ ဆီးတွေ ဝါနေရင် ရေဓာတ်မလုံလောက်ဘူးဆိုတဲ့ လက္ခဏာပါ။

 

၃။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောစကား

ပြေးရတာ မလွယ်ပါဘူး။ အတော်မောပန်းပါတယ်။ မပြေးခင်မှာ ကိုယ့်ခန္ဓာကိုယ်က ဘာတွေဖြစ်နေလဲဆိုတာ ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။ မောပန်းနေတဲ့ ခန္ဓာကိုယ်ကို အတင်းအားစိုက်ပြေးခိုင်းရင် လူပါ လဲကျသွားနိုင်ပါတယ်။

Source : Prevention

Share

Loading Next Article...
က္က