တစ်နေ့လုံး ဖြစ်နေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပါ။
 

အေးစက်နေတဲ့လက်တွေက စိတ်ညစ်ဖို့တော့ ကောင်းပါတယ်။ အေးလို့ဆိုပြီး လက်အိတ်စွပ်ထားလို့မရတဲ့ အခြေအနေမှာဆို ပိုတောင်ဆိုးသေးတယ်။ ဘာကြောင့်မို့လို့ ဒီလက်တွေက အမြဲတမ်းလိုလို အေးစက်နေတာလဲ?

 

အကြောတွေတက်နေလား၊ ပုခုံးကြောတွေ တင်းနေသလား ဆိုတာ သတိထားကြည့်ပါ။ ပခုံးကြောတွေ တင်းနေချိန်မှာလည်း လက်တွေအေးနေတတ်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်ကြာညောင်းစွာ အလုပ်လုပ်သူတွေ အဖြစ်များပါတယ်။ အကြောတွေတက်လို့ လက်မောင်းအောက်က သွေးကြောမျှင်လေးတွေရဲ့ စီးဆင်းမှုက နှေးသွားပြီး လက်က အေးနေရတာဖြစ်ပါတယ်။

 

လက်တွေ အေးစက်နေခြင်းဟာ တစ်နေ့လုံး ဖြစ်နေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပါ။ ကွန်ပျူတာရှေ့မှာထိုင်တဲ့အချိန် မဟုတ်တာတောင် အေးနေပြီဆိုရင်တော့ ပြဿနာရှိပါတယ်။ ကြွက်သားတင်းရင်းမှုတွေကို ပြေလျော့အောင် နှိပ်နယ်ပေးရင်လည်း သက်သာပါတယ်။ အကြောတက်လာရင် ဆားကြပ်ထုပ်ထိုးခြင်း၊ အကြောလျော့ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

Source : Red Mag

Share

Loading Next Article...
က္က