ကင်ဆာအမျိုးမျိုးဟာ ကမ္ဘာနဲ့အဝန်းမှာ ဖြစ်ပွားသူ များသထက် များလာပါတယ်။ ကင်ဆာမဖြစ်ချင်ဘူးဆိုရင် အစားအသောက် အနေအထိုင် ဆင်ခြင်ဖို့လိုအပ်ပါတယ်။ ရှောင်သင့်တာတွေ ရှောင်ဖို့အတွက်လည်း အမေရိကန်ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။
 

၁။ ဟော်မုန်းထိန်းချုပ်တဲ့သန္ဓေတားနည်း

အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ သန္ဓေတားဖို့ ဆုံးဖြတ်ထားရင် ဟော်မုန်းကိုထိန်းချုပ်ပေးတဲ့ သန္ဓေတားနည်းကို ရွေးသင့်ပါတယ်။ သောက်ဆေးနဲ့ သန္ဓေတားတဲ့ အမျိုးသမီးတွေဟာ ၅ နှစ်အကြာမှာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့သွားတယ်လို့ သိရပါတယ်။ သောက်ဆေးမသောက်ချင်ဘူးဆိုရင်တော့ IUD ပစ္စည်းကို သုံးသင့်ကြောင်း အမေရိကန်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

 

၂။ အသားစားခြင်း

အသားဓာတ် (ပရိုတိန်း)က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုတာမှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားမယ်ဆို အူမကြီးကင်ဆာ ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။ အထူးသဖြင့် စီမံပြုပြင်ထားတဲ့ စက်ရုံထုတ် အသားတွေကို လျှော့စားပါ။

 

၃။ အိပ်ရေးဝဖို့လိုတယ်

အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းဟာ လူကို သိသိသာသာ ဆိုးကျိုးဖြစ်စေပါတယ်။ ရင်သားကင်ဆာ အပါအဝင် အခြားကင်ဆာရောဂါတွေလည်း ဖြစ်လာအောင် လမ်းစပေးသလို ဖြစ်နေတာမို့ တစ်ညကို ၇ နာရီလောက်တော့ အိပ်နိုင်အောင် ကြိုးစားရပါမယ်။

သင်အကြိုက်တွေ့နိုင်မည့်ဆောင်းပါး ---> တစ်နေ့ကို ခြေလှမ်းတစ်ထောင်လျှောက်ရုံနဲ့ မလုံလောက်ပါဘူး

 

 

၄။ နှလုံးကို ဂရုစိုက်

နှလုံးခုန်နှုန်း မှန်နေဖို့ အရေးကြီးပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်နိုင်အောင် ကြိုးစားပါ။ ကယ်လိုရီတွေလောင်ကျွမ်းပြီး ဝိတ်ကျစေတာမို့ နှလုံးလည်းကျန်းမာပြီး ကင်ဆာဖြစ်နိုင်ခြေလည်း လျှော့ချပေးပါတယ်။ တစ်ပတ်ကို ၂နာရီခွဲလောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

 

၅။ ဗီတာမင် ဒီ

ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် D မလုံလောက်ဘူးဆိုရင် ကင်ဆာရောဂါပေါင်းများစွာဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ ဗီတာမင် D ကို ရရှိဖို့အတွက် မနက်ခင်းပိုင်းမှာ နေရောင်ခြည်ကို ခံယူပါ။ ဗီတာမင် D ပမာဏကို သွေးစစ်ကြည့်ရုံနဲ့ သိနိုင်တာမို့ စစ်ဆေးပေးသင့်ပါတယ်။

Source : Prevention

Share

Loading Next Article...
က္က