စိတ်ကျရောဂါဖြစ်ပွားနှုန်းဟာ ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာတာဖြစ်တယ်။
 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ရဲ့ ထုတ်ပြန်ချက်အရ  စိတ်ကျရောဂါဟာ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးပြဿနာတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်လာတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၃၀၀ ကျော် စိတ်ကျရောဂါခံစားနေရတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ "ဒီကိန်းဂဏန်းဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ချည်းကပ်ပုံတွေကို နိုင်ငံတွေဟာ ပြန်လည်သုံးသပ်ကြဖို့သတိပေးချက်တစ်ခုဖြစ်ပြီး အရေးတကြီးကုသဖို့ လိုအပ်တယ်"လို့ ရှင်ဟွာ သတင်းအေဂျင်စီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စိတ်ကျရောဂါဖြစ်ပွားနှုန်းဟာ ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နှစ်ရှည်ကြာမြင့်တဲ့ စီမံကိန်းတစ်ခုကို ဆောင်ရွက်နေကာ စိတ်ကျရောဂါဖြစ်နေသူတွေ အကူအညီတွေပိုမိုရရှိဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

 

စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအတွက် အရေးပါတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ ထောင်ချီဖြစ်ပွားနေပါတယ်။

စိတ်ကျရောဂါဖြစ်ပွားနေသူတစ်ယောက်အတွက် သူတို့ယုံကြည်ရတဲ့လူတစ်ယောက်နဲ့ စကားပြောရတာဟာ ပြန်လည်ကောင်းမွန်လာဖို့အတွက် ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်လေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ကျန်းမာရေးဌာနမှ ဒါရိုက်တာ ရှီခါဆက်ဇီးနာက ပြောကြားထားပါတယ်။

ရင်းနှီးမြှပ်နှံမှုလည်း လိုအပ်ပြီး နိုင်ငံအများစုမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူတွေကို ထောက်ပံ့ပေးတာမျိုး အလွန်နည်းပါးနေတာ ဖြစ်ပါတယ်။ ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေမှာတောင် စိတ်ကျရောဂါရှိသူ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ကုသမှု မရဘူးလို့ သိရပါတယ်။ ပျှမ်းမျှအားဖြင့် အစိုးရတွေဟာ ကျန်းမာရေးအသုံးစရိတ်ရဲ့ သုံးရာခိုင်နှုန်းကိုသာ စိတ်ကျန်းမာရေးကိစ္စတွေမှာ ရင်းနှီးမြှပ်နှံထားပြီး ဝင်ငွေနိမ့်နိုင်ငံတွေမှာဆို တစ်ရာခိုင်နှုန်းအောက်ပဲရှိပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က