အားဆေးတွေကိုလည်း ဆက်သောက်ရပါမယ်။

01-mother-and-child.jpg 

၁။ လုံလုံလောက်လောက်စားပါ

ကလေးနို့တိုက်တဲ့ မိခင်တွေဟာ အစားကို လုံလုံလောက်လောက်နဲ့ အာဟာရရှိအောင် စားပေးရပါမယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ပြည့်နေအောင်လည်း ဖြည့်တင်းရပါမယ်။ အိမ်မှာ စားစရာတွေကို ဆောင်ထားပါ။ မိခင်ကျန်းမာမှ ကလေးကိုလည်း ကောင်းကောင်းစောင့်ရှောက်နိုင်မှာဖြစ်တဲ့အပြင် နို့ရည်လည်းကောင်းကောင်းထွက်စေပါတယ်။

၂။ ကိုယ်ဝန်ဆောင်စဉ်ကအားဆေး

ကိုယ်ဝန်လွယ်ထားရစဉ်က သောက်ခဲ့တဲ့ အားဆေးတွေကိုလည်း ဆက်သောက်ရပါမယ်။ ကလေးနို့တိုက်တဲ့အခါ ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုလိုအပ်တယ်လေ။ ကိုယ်ဝန်လွယ်ထားစဉ်ထက်တောင် ပိုပြီးလိုအပ်တာမို့ အာားဆေးကို ဆက်သောက်ရပါမယ်။

breastfeedingbenefits.jpg 

၃။ လူတွေအများကြီးနဲ့ သိပ်မတွေ့ပါနဲ့

ကလေးမွေးတဲ့အခါ ခန္ဓာကိုယ်က အားအင်တွေလည်း ကုန်ခမ်းသွားရပါတယ်။ ဟိုဟိုဒီဒီ လျှောက်မသွားဘဲ အားပြည့်အောင် နားနားနေနေ နေပါ။ ဧည့်သည်တွေ အများကြီးကိုလည်း လက်ခံတွေ့ဆုံတာမျိုး ခဏလောက်တော့ လျော့ထားလိုက်ပါ။ လူများများနဲ့တွေ့တော့ မိခင်ရော ကလေးပါ အနားယူချိန်နည်းသွားတယ်လေ။ မိတ်မပျက်အောင်တော့ ပြောတတ်ဖို့ အရေးကြီးပါတယ်။

၄။ နို့တိုက်ရင်စိတ်ရှည်ပါ

ကလေးကိုနို့တိုက်ရတာ ထင်သလောက်မလွယ်ပါဘူး။ ထင်ထားတာထက်လည်း ပိုမိုခက်ခဲပါတယ်။ ရင်သားတွေ နာကျင်ရပါတယ်။ နို့တိုက်တဲ့အခါ ပုံစံမှန်အောင် သူနာပြုတွေဆီမှာ သေသေချာချာ သင်ပါ။

 

၅။ Kegel လေ့ကျင့်ခန်း

ဒါကတော့ ကလေးမွေးပြီးတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လုပ်သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းဆိုတာ သားအိမ်ကြွက်သားတွေကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ဆီးမထိန်းနိုင်တာ၊ တင်ပါးဆံုံရိုးနာတာတွေ သက်သာစေပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုတာကို ဒီမှာဖတ်ကြည့်ပါ။

၆။ မေးမြန်းဖို့ ဝန်မလေးပါနဲ့

ကိုယ့်ရဲ့စီနီယာမမတွေဆီက အကြံဉာဏ်တွေကို ရယူပါ။ မသိတာတွေကို မေးမြန်းပါ။ မိခင်အချင်းချင်းဆိုတော့ ကူညီပေးကြပါလိမ့်မယ်။

Source : Self

Share

Loading Next Article...
က္က