အသက် ၆၀ ကျော်သူတွေမှာ ဆီးအိတ်ကင်ဆာ ဖြစ်နိုင်ပြီး ဆေးလိပ်သောက်တတ်သူတွေဆိုရင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။
 

ဆီးအိတ်ကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာစာရင်းမှာ ပါဝင်လေ့ရှိပြီး ဆီးအိတ်ကင်ဆာခံစားရသူ အရေအတွက်ဟာ ယူကေမှာ တစ်နှစ်ကို လူပေါင်း ၁၀၃၀၀ ရှိတယ်လို့ သိရပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီးအိတ်ကင်ဆာဖြစ်ပွားသူဦးရေဟာ နှစ်စဉ် မြင့်တက်လာနေပါတယ်။ ဆီးအိတ်ဟာ တင်ပဆုံရိုးနားမှာ တည်ရှိနေပြီး ဆီးတွေကို သိုလှောင်ထားတဲ့ အခေါင်းပွလေအိတ်ဖြစ်ကာ ပူဖောင်းတစ်လုံးနဲ့ ပုံစံတူပါတယ်။

 

ဆီးအိတ်ကင်ဆာဟာ ဆီးအိတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ကင်ဆာဆဲလ်တွေက ကြွက်သားတွေကိုထိုးဖောက်ပြန့်ပွားနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကိုပါ ထိခိုက်စေပါတယ်။ ဆီးအိတ်ကင်ဆာဖြစ်ပွားရခြင်း အကြောင်းရင်းတွေထဲမှာ အသက်အရွယ်ကလည်း ဆက်နွှယ်နေပါတယ်။ အသက် ၆၀ ကျော်သူတွေမှာ ဆီးအိတ်ကင်ဆာ ဖြစ်နိုင်ပြီး ဆေးလိပ်သောက်တတ်သူတွေဆိုရင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ များသောအားဖြင့်တော့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။

 

ဆီးအိတ်ကင်ဆာရဲ့ လက္ခဏာရပ်တွေကိုလည်း သိထားသင့်ပါတယ်။

၁။ အသိသာဆုံးကတော့ ဆီးထဲမှာ သွေးပါတာပါပဲ။ နာကျင်မှုကို မခံစားရဘဲ ဆီးက ပန်းရောင်၊ အနီရောင် ဖြစ်နေခြင်းဟာ ဆီးထဲမှာသွေးပါဝင်နေလို့ပါ။

၂။ နောက်တစ်ချက်တော့ ဆီးသွားတိုင်း အရမ်းကိုနာကျင်နေတာဖြစ်ပါတယ်။

၃။ ဆီးမကြာခဏ သွားပါတယ်။ သွားချင်လာရင်လည်း ထိန်းထားလို့မရပါဘူး။

၄။ အရိုး၊ တင်ပဆုံရိုးတွေ နာကျင်မှုကို ခံစားနေရပါတယ်။

၅။ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားပါတယ်။

၆။ ခြေထောက်တွေက ရောင်ရမ်းနေပါတယ်။

Source : Express

Share

Loading Next Article...
က္က