ဆေးမြီးတိုတွေကို မသုံးပါနဲ့။ အခန့်မသန့်ရင် ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။
 

သွားကိုက်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားတတ်ပါတယ်။ သွားတွေ အက်နေလို့၊ သွားကြိတ်တဲ့အကျင့်ရှိလို့၊ ဒါမှမဟုတ် သွားပိုးစားလို့ စသဖြင့် အမျိုးမျိုးပါပဲ။ သွားကိုက်လာရင် စားမရ အိပ်မရနဲ့ ခေါင်းတွေပါ ကိုက်လာတဲ့အထိ ဆိုးရွားပါတယ်။ သွားနဲ့ခံတွင်းဆေးခန်းကို သွားပြသင့်ပါတယ်။ ဆေးခန်းကို မသွားနိုင်သေးဘူးဆိုရင် အိမ်သုံးဆေးနည်းတွေနဲ့ ယာယီသက်သာအောင် ခတ္တခဏထိန်းထားကြည့်ပါ။

 

၁။ ဆားရေ

ရေနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းပေးတဲ့နည်းက အလွယ်ဆုံးပါပဲ။ မျိုမချမိအောင်တော့ သတိထားပါ။ သွားကြားညှပ်နေလို့ သွားကိုက်တာမျိုးဆိုရင်တော့ ဆားရေနွေးနဲ့ ပလုတ်ကျင်းပြီးရင် သွားသန့်ရှင်းရေးကြိုး (floss) လေးနဲ့ အသာအယာ ဖယ်ရှားကြည့်ပါ။

home-remedies-for-a-toothache-pain.jpg 

၂။ ရေခဲ

သွားကိုက်တဲ့ဘက်က ဘယ်လား၊ ညာလား? ကိုက်တဲ့ဘက်ခြမ်းရဲ့လက်က လက်ညှိုးနဲ့လက်မနဲ့ကြားက နေရာကို ရေခဲတုံးနဲ့  ၇ မိနစ်လောက် ပွတ်ပေးနေပါ။ လက်တွေထုံကျင်လာရင်တော့ ရပ်လိုက်ပေါ့။ ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုရင် ရေခဲဟာ ဦးနှောက်ကအချက်ပြနေတဲ့ နာကျင်ကိုက်ခဲမှုကို ရပ်တန့်စေလို့ပဲ ဖြစ်ပါတယ်။ သွားကိုက်နေတာကို လူက မခံစားရတော့ဘူးပေါ့။

Clove-Oil-When-You-Are-Pregnant.jpg 

၃။ လေးညှင်းဆီ

သွားနဲ့ပတ်သက်လာရင် လေးညှင်းက မပါမဖြစ်ပဲ။ လေးညှင်းဆီကို ဂွမ်းလေးနဲ့တို့ပြီး ကိုက်နေတဲ့သွားပေါ်မှာ ဖိထားလိုက်ပါ။ ပူရှိန်းရှိန်းလေးနဲ့ သွားကိုက်တာ သက်သာသွားစေပါတယ်။

Source : Webmd

Share

Loading Next Article...
က္က