အချိန်မီကုသနိုင်ခြင်းမရှိတဲ့ စိတ်ကျရောဂါကြောင့် လူတွေဟာ ဆီးချိုရောဂါကို ထိန်းချုပ်စီမံဖို့ခက်ခဲလာကြပါတယ်။
 

ညဉ့်သန်းခေါင်ကျော် မိုးလင်းလုနီးပါးမှအိပ်ပြီး နေမြင့်မှ အိပ်ရာထတတ်သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ မြင့်မားကြောင်း ကျန်းမာရေးပညာရှင်တွေက အတည်ပြုပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးချိုအမျိုးအစား -၂ ရှိသူတွေမှာဆိုရင် ပိုပြီးသက်ရောက်မှုပြင်းထန်သွားနိုင်ပါတယ်။

 

အော်လန်ဒိုမှာပြုလုပ်ခဲ့တဲ့ Ednocrine Society ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အိပ်စက်မှုနဲ့ ဆီးချိုရောဂါ၊ စိတ်ခံစားချက်တို့ဆက်နွှယ်မှုအပေါ် လေ့လာခဲ့ရာမှ တွေ့ရှိမှုအသစ်ကို တင်ပြသွားခဲ့ပါတယ်။ လေ့လာမှုကိုတော့ ချီကာဂိုဒေသနဲ့ ထိုင်းနိုင်ငံရှိ ဆီးချိုရောဂါရှိသူ ၄၇၆ ဦးထံက အချက်အလက်တွေအပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ အိပ်စက်ချိန်နောက်ကျသူနဲ့ စောစောအိပ်စက်သူဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်ခဲ့ပါတယ်။ အိပ်စက်မှုအရည်အသွေး၊ အသက်အရွယ်၊ ကျား/မ လိင်ကွဲပြားမှုနဲ့ အခြားအချက်တွေက စိတ်ဓာတ်ကျဆင်းမှုနှုန်းအပေါ် သက်ရောက်မှုဖြစ်စေတာ တွေ့ရပါတယ်။ ဘာကြောင့် ဆီးချိုသမားတွေထံမှာ လေ့လာရသလဲဆိုတော့ စိတ်ကျရောဂါဟာ ဆီးချိုသမားတွေထံမှာ အတွေ့များလို့ဖြစ်ကြောင်း လေ့လာမှုကိုဦးဆောင်တဲ့ Sirimon Reutrakul က ပြောပါတယ်။

 

ဆီးချိုရောဂါဟာ ညအိပ်ချိန်နောက်ကျသူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အချိန်မီကုသနိုင်ခြင်းမရှိတဲ့ စိတ်ကျရောဂါကြောင့် လူတွေဟာ ဆီးချိုရောဂါကို ထိန်းချုပ်စီမံဖို့ခက်ခဲလာကြတယ်လို့ သီရိမွန်က ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှု၊ သွေးတွင်းအချိုဓာတ်ထိန်းချုပ်နိုင်စွမ်း နည်းပါးမှုတွေပါ ဆက်လက်ဖြစ်ပေါ်လာစေလို့ ဆီးချိုသမားတွေအနေနဲ့ သတိထားသင့်ပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က