ပိုတက်ဆီယမ်ဟာ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောအလုပ်လုပ်မှုနဲ့ နှလုံးကျန်းမာရေးအတွက် အလွန်အရေးပါတာလည်း ဖြစ်ပါတယ်။ အစားအသောက်တွေကို သင့်တင့်မျှတစွာ မစားသောက်တာကြောင့် ပိုတက်ဆီယမ်ဓာတ်ချို့တဲ့နေတာမျိုးဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့နေတယ်ဆိုရင် ဒီလိုလက္ခဏာတွေ ရှိတတ်ပါတယ်။

၁ - မောပန်းနွမ်းနယ်

ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ပိုတက်ဆီယမ်လိုအပ်ပါတယ်။ လုံလောက်မှု မရှိဘူးဆိုရင်တော့ အမြဲတမ်းမောပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးဝပေမယ့်လည်း ပုံမှန်ပြင်းပြင်းထန်ထန်လှုပ်ရှားသွားလာနေကြကိစ္စတွေမှာ မောပန်းနွမ်းနယ်တာမျိုးဖြစ်တယ်ဆိုရင်တော့ ပိုတက်ဆီယမ်ဓာတ်မလုံလောက်တာမျိုး ဖြစ်နေနိုင်ပါတယ်။

 

၂ - သွေးပေါင်ချိန်မြင့်

ပိုတက်ဆီယမ်ဟာ သွေးကြောတွေ ပြေလျော့စေဖို့လည်း ကူညီပေးပါတယ်။ ပိုတက်ဆီယမ်မလုံလောက်ရင်တော့ သွေးကြောသွေဟာ ကျဉ်းကျပ်လာပြီး သွေးပေါင်ချိန်မြင့်တက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၃ - အသင့်စားအစားအစာ

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ၊ အာလူးကြော်ထုပ်တွေကိုပဲ အမြဲစားနေတယ်ဆိုရင်တော့  ပိုတက်ဆီယမ်လုံလုံလောက်လောက်မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဆားငန်လွန်းတဲ့အစားအစာတွေကိုလည်း လျှော့ချသင့်ပါတယ်။  ဒီလိုလျှော့ချလိုက်တဲ့အခါ အစားအစာတွေက ရတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က ပိုထိန်းပေးထားနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -ညဘက်ချွေးထွက်ရတဲ့ အကြောင်းအရင်း (၆) ချက် )

 

၄ - ကြွက်တက်ခြင်း၊ ကြွက်သားများ ပျော့တွဲခြင်း

ကြွက်သားတွေက ယခင်လိုမဟုတ်ဘဲ ပျော့တွဲနေတယ်လို့ ခံစားရပါတယ်။ ကြွက်သားတွေ ကျုံဆန့်ရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် ပိုတက်ဆီယမ်က အဓိက ကျပါတယ်။ ပိုတက်ဆီယမ်အဆင့် နိမ့်ကျနေတဲ့အခါ နာကျင်ကိုက်ခဲတာတွေ၊ တုန်ယင်တာတွေ ဖြစ်တတ်ပါတယ်။

၅ - နှလုံးခုန်မြန်

နှလုံးခုန်မြန်လာတာ ဖြစ်ပါတယ်။ ထိတ်လန့်တာ၊ ကြောက်ရွံ့တာ စတဲ့ ဘာအကြောင်းကြောင့်မှ မရှိဘဲ နှလုံးခုန်နှုန်းဟာ ရုတ်တရက် မြန်လာတာ ဖြစ်ပါတယ်။ ရင်တုန်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ ပိုတက်ဆီယမ်ဓာတ်နည်းပါးတာကြောင့် ဖြစ်နိုင်ပါတယ်။

 

၆ - မူးဝေ၊ ဝမ်းချုပ်

မူးဝေတာ၊ မူးနောက်တာမျိုး ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ရုတ်တရက် ထိုးကျသွားတဲ့အခါ  မူးဝေမူးနောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမူးဝေမူးနောက်တာဟာ အကြောင်းကြောင့်များစွာလည်း ဖြစ်တတ်တာကြောင့် ဒီလိုဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်တာ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်နည်းပါးခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်မှုဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ အစာချေစနစ်ဟာလည်း ဒီအတိုင်းပါပဲ။ ဗိုက်တင်းတောင့်နေတာတွေ၊ ပူလာတာတွေလည်း ဖြစ်တတ်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က