ကိုယ့်ကျန်းမာရေးအခြေအနေကိုလည်း ဘယ်သူကမှ မေးမြန်းတာမခံရတဲ့ အထီးကျန်တစ်ကိုယ်တည်းသမားတွေဟာ ပိုပြီးဖျားနာတတ်ပါတယ်။
 

သောကြာညနေမှာ ဘော်ဒါတွေနဲ့ TGIF မနွှဲဘဲ အိမ်ပြန်ပြီး ဇာတ်ကားထိုင်ကြည့်နေရတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တစ်ယောက်တည်းနေတာများလာရင်၊ လူတွေနဲ့ ရင်းနှီးမှုမရှိဘဲ အထီးကျန်နေတာများလာရင် သိပ်မကောင်းဘူးလို့ ကျန်းမာရေးပညာရှင်တွေကဆိုတယ်။ အဓိကဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာက လေးမျိုးရှိပါတယ်။



၁။ ဝိတ်တက်မယ်

တစ်ယောက်တည်းစားမှာဆိုတော့ အထွေအထူးချက်ပြုတ်မနေတော့ဘူး။ ဝယ်စားလိုက်တယ်။ ဆိုင်ကချက်တာတွေက ဆီတွေများတယ်လေ။ အလွယ်စာတွေလည်း ပိုစားမိတော့ ဝိတ်တက်လာနိုင်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းနည်းပညာတက္ကသိုလ်က သုတေသီတွေဟာ တစ်ကိုယ်တည်းနေထိုင်သူတွေမှာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ စားသောက်မှု ဝိတ်ချနည်းတွေ ပြုမူကြကြောင်း လေ့လာမှု ရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။

 

၂။ ဖျားနာတယ်

မွေးနေ့ရယ်လို့လည်း ဘယ်သူကမှ အမှတ်တရလုပ်ပေးတာမျိုးမရှိ၊ ကိုယ့်ကျန်းမာရေးအခြေအနေကိုလည်း ဘယ်သူကမှ မေးမြန်းတာမခံရတဲ့ အထီးကျန်တစ်ကိုယ်တည်းသမားတွေဟာ ဖျားနာရင် ပိုပြီးကြာတတ်ပါတယ်။ တစ်ကိုယ်တည်းနေတာမဟုတ်ဘူးဆိုရင်တောင် အထီးကျန်တယ်လို့ ခံစားရတယ်ဆိုရင်လည်း အရွယ်မတိုင်မီသေဆုံးနိုင် ၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Proceedings of the National Academy of Sciences မှာ ဖော်ပြသွားပါသေးတယ်။ အထီးကျန်တယ်လို့ ခံစားနေရတဲ့အခါ ခန္ဓာကိုယ်တွင်း ဝင်လာတဲ့ရောဂါပိုးမွှားတွေကို ကိုယ်ခံအားစနစ်က တုန့်ပြန်တိုက်ခိုက်တဲ့စွမ်းအားတွေ ကျလာပါသတဲ့။

 

၃။ ဦးနှောက်စွမ်းရည်ကျဆင်း

အိမ်မှာအတူနေတဲ့အခန်းဖော်၊ ဒါမှမဟုတ် ချစ်သူ၊ သူငယ်ချင်း ၊ ဆွေမျိုး၊ အိမ်ထောင်ဖက် တစ်မျိုးမျိုး ရှိနေရင် ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ ရှိနေခြင်းဟာ ကိုယ့်ရဲ့ဦးနှောက်ထဲက အာရုံကြောတွေကို နိုးကြွနေစေလို့ပါပဲ။ တစ်ယောက်တည်းနေသူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းလာတတ်ပါတယ်။ တစ်ယောက်တည်းနေလေ့တဲ့လူတွေဟာ စိတ်ဖောက်ပြန်မှုရောဂါဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

Source : Prevention


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က