လေ့ကျင့်ခန်းကို တုံ့ပြန်တဲ့ အဆီတစ်ရှုးတွေရဲ့ မျိုးဗီဇ (gene) တွေကို လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
 

ဝမ်းဗိုက်မှာ အစာရှင်းလင်းပြီး လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်က အဆီတွေကို ပိုလောင်ကျွမ်းစေတယ်လို့ သုသေနသစ်တစ်ခုက ဖော်ပြပြီး ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းစေတယ်လို့ ဆိုပါတယ်။

UK ရှိ Bath တက္ကသိုလ်မှ  သုတေသနသမားတွေက အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဝလွန် အမျိုးသားတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားတွေကို ဝမ်းဗိုက်မှာ အစာရှင်းလင်းနေစေပြီး တစ်နာရီကြာလမ်းလျှောက်ခိုင်းကာ စမ်းသပ်ခဲ့တာလည်းဖြစ်ပါတယ်။

အစာရှိတဲ့ အချိန်နဲ့ အစာမရှိတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းကို တုံ့ပြန်တဲ့ အဆီတစ်ရှုးတွေရဲ့ မျိုးဗီဇ (gene) တွေကို လည်း လေ့လာခဲ့ပါတယ်။

စာပြီးတဲ့အခါမှာ အဆီတစ်ရှုးတွေဟာ အစားအစာကို တုံပြန်ဖို့ အလုပ်ရှုပ်နေတာကြောင့် လေ့ကျင့်ခန်းဟာ အဆီတစ်ရှုးတွေကို လှုံ့ဆော်နိုင်စွမ်းမရှိဘူးလို့ သုတေသနကို ဦးဆောင်လေ့လာသူ ဒီလန်သောမ်ဆမ်က ပြောကြားထားပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -အထီးကျန်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည် )

 

အစာမရှိဘဲ လုပ်တဲ့အချိန်မှာတော့ အဆီတစ်ရှုးတွေကို ပိုမိုလှုံ့ဆော်ပေးနိုင်ပြီး ရေရှည်မှာ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်လို့လည်း ပြောကြားထားပါတယ်။

သုတေသနမှာ ပါဝင်သူတွေကို လမ်းမလျှောက်ခင်နဲ့ လမ်းလျှောက်ပြီး တစ်နာရီအတွင်းက အဆီတစ်ရှုးနမူနာတွေကိုယူကာ စမ်းသပ်ခဲ့တာလည်းဖြစ်ပါတယ်။

မျိုးဗီဇနှစ်မျိုးဖြစ်တဲ့ PDK 4 နဲ့ HSL တို့ဟာ အစာမစား ဘဲ လေ့ကျင့်တဲ့အခါမှာ မြင့်တက်လာပြီး အစာစားပြီးလေ့ကျင့်ရင်တော့ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။ PDK4 မြင့်တက်တဲ့အခါ သိုလှောင်ထားတဲ့ အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး HSL မြင့်တက်တဲ့အခါ အဆီတစ်ရှုးတွေဟာ သိုလောင်ထားတဲ့ စွမ်းအင်တွေကို ပိုမိုသုံးစွဲ တာလည်း ဖြစ်ပါတယ်။

အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစာမစားဘဲ လုပ်ခြင်းရဲ့ အဆီတစ်ရှုးတွေပေါ်သက်ရောက်မှုကိုလေ့လာထားတဲ့ ပထမဆုံးလေ့လာချက်လည်း ဖြစ်ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က