ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်ပြီး ဖြစ်ပွားမှုနှုန်းကလည်း ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်မြင့်တက်လာနေပါတယ်။
 

လေထုညစ်ညမ်းမှုနှုန်း မြင့်မားတဲ့နေရာမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ များစွာရှိနေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။ လေထုထဲမှာ အမှုန်ပါဝင်မှုမြင့်မားတဲ့ ညစ်ညမ်းလေကြောင့် ရင်သားအတွင်းပိုင်းမှာ ပိတ်ဆို့သိပ်သည်းလာပါတယ်။ ဒီလိုဖြစ်တဲ့လူတွေဟာ အခြားလူတွေနဲ့ယှဉ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်ပါတယ်။

 

လေ့လာမှုရလဒ်ကိုတော့ Breast Cancer Research ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ယင်းလေ့လာမှုမှာ အမေရိကရှိ အသက် ၅၇ နှစ်ဝန်းကျင် အမျိုးသမီးပေါင်း ၂၈၀,၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး သုံးသပ်ခဲ့တာပါ။ လေ့လာမှုမှာပါဝင်သူများအနက် ၁၀ ဦးလျှင် ၆ ဦးနှုန်းက မြို့ပြမှာနေထိုင်ကြပြီး ကျန်တဲ့လူတွေကတော့ ကျေးလက်ဒေသမှာနေထိုင်သူတွေ ဖြစ်ပါတယ်။

 

မြို့ပြမှာနေထိုင်သူတွေဟာ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီး ကျေးလက်မှာနေသူတွေထက် ရင်သားပိတ်ဆို့သိပ်သည်းမှု ၁၉ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။ လေထုညစ်ညမ်းမှု အဆင့် PM2.5 မှာ တစ်ယူနစ်တိုးတိုင်း ယင်းဒေသမှာနေတဲ့အမျိုးသမီးဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄ ရာခိုင်နှုန်းပိုများလာပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်ပြီး ဖြစ်ပွားမှုနှုန်းကလည်း ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်မြင့်တက်လာနေပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က