နောက်ဆုံးနေ့မှာ အိမ်တွင်းပုန်းလုပ်မနေနဲ့တော့...

သင်္ကြန်အတက်နေ့ကို ရောက်လာပါပြီ။ နောက်ဆုံးနေ့ဆိုတော့ အိမ်တွင်းပုန်းနေတဲ့လူတွေတောင်မှ အပြင်ကို ထွက်လာကြတယ်လေ။ ရန်ကုန်မှာတော့ လမ်းလျှောက်ဆင်နွှဲမယ့် Splash Walk ရှိပါတယ်။ လမ်းလျှောက်ရင်း အချင်းချင်း ရေပက်မယ်၊ ရေပက်ခံထွက်မယ် ဆိုတော့ ပျော်စရာကြီး။ နည်းနည်းလေးမှ စိတ်မညစ်ရဘဲ ပျော်ရအောင် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေလည်း မှတ်သွားလိုက်ပါဦး။

ဆက်စပ်ဖတ်ရှုနိုင်ရန် --->

၁။ အဝတ်အစား

လမ်းလျှောက်ရင် ဂျင်းဘောင်းဘီရှည်နဲ့ လျှောက်ရတာ ဘယ်လိုမှ အဆင်မပြေဘူးနော်။ ဘောင်းဘီအသားက မာတော့ အသားတွေပွန်းနိုင်တယ်။ ဆွဲသားဂျင်းလေးတွေကို ရွေးမယ်ဆိုရင် မဆိုးဘူးပေါ့။ ရာသီဥတုကလည်း အေးမှာဆိုတော့ အပေါ်ကထပ်ဝတ်ဖို့ အကျႌနဲ့ ဦးထုပ်လည်း မပါမဖြစ်ဆောင်ပါ။ ထပ်ဝတ်မယ့်အကျႌက ဆွယ်တာသားဆိုရင် အကောင်းဆုံးပဲ။ ရေညှစ်လိုက်ပြီး ပြန်ဝတ်ရင် နွေးနေမှာ။ အအေးမပတ်တော့ဘူးပေါ့။

 

၂။ ဖိနပ်

Walking Shoe စီးမယ်ဆိုလည်း သက်တောင့်သက်သာဖြစ်မယ့်ဖိနပ်ကို ရွေးပါ။ လမ်းလျှောက်ရင်း ခြေထောက်ပွန်းတာ သက်သာအောင် ခြေအိတ်လည်း စီးပါ။ အိတ်ထဲမှာ ပလာစတာနှစ်ခုလောက်တော့ လိုရမည်ရ ထည့်သွားပါဦး။ ကင်းဗတ်ဖိနပ်ကတော့ သင်္ကြန်မှာလမ်းလျှောက်လို့ အကောင်းဆုံးပါပဲ။

 

၃။ မျက်စိကိုဂရုစိုက်

သွားရင်းလာရင်း မျက်စိထဲ အမှိုက်ဝင်တာမျိုး၊ ရေမသန့်လို့ မျက်စိနာတာမျိုး ဖြစ်တတ်တယ်။ မျက်စိထဲ အမှိုက်ဝင်သွားရင် လက်ကိုသန့်ရှင်းအောင်ဆေးပြီး အမှိုက်စကပ်နေတဲ့နေရာကို သန့်ရှင်းတဲ့ဂွမ်းတံနဲ့ ဖယ်ရှားပါ။ မျက်လုံးပေါ်မှာဆိုရင်တော့ ရေထဲမှာ မျက်တောင်ခတ်ပေးလိုက်ရုံနဲ့ ရပါပြီ။ အမှိုက်အရမ်းကြီးရင် ကိုယ့်ဘာသာမထုတ်ပါနဲ့။ ပွတ်မိရင်လည်း ပိုဆိုးနိုင်ပါတယ်။ မသန့်တဲ့ အရည်တွေ မျက်လုံးထဲဝင်သွားရင်တော့ ဦးခေါင်းကို ရေဘုံဘိုင်အောက်မှာ တစောင်းထားပြီး မျက်လုံးကို ရေတွေဖြတ်သန်းစီးဆင်းသွားပါစေ။

Share

Loading Next Article...
က္က