ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့်သီချင်း၊ ပျော်ရွှင်မြူးတူးစေတဲ့ သီချင်းတွေကို နားထောင်တာလည်း မဆိုးပါဘူး။
 

လုပ်ငန်းတာဝန်တွေ များပြားလှတဲ့ နေ့ရက်တွေက အလုပ်ကို စိတ်ပျက်လာစေပါတယ်။ အလုပ်ကြောင့်ရလာတဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းသေးသေးမွှားမွှားလေးတွေကို လုပ်ကြည့်ပါ။ တကူးတက အားစိုက်အချိန်ပေးစရာမလိုဘဲ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

၁။ အလုပ်ဆင်းပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ စတာတွေကို ပိတ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် စိတ်ဖိစီးမှုတွေနဲ့ အလုပ်ရဲ့ဖိအားတွေက တောက်လျှောက် ထိုးနှက်နေဦးမှာပဲ။

၂။ သီချင်းနားထောင်ပါ။ ဂီတက စိတ်ခံစားချက်ကို ပြောင်းလဲစေပါတယ်။ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့်သီချင်း၊ ပျော်ရွှင်မြူးတူးစေတဲ့ သီချင်းတွေကို နားထောင်တာလည်း မဆိုးပါဘူး။ KTV သွားပြီး တစ်နာရီလောက် ဟဲပစ်လိုက်မှ စိတ်ပေါ့သွားမယ်ဆိုလည်း သွားလိုက်ပါ။

 

၃။ တစ်ယောက်တည်း လမ်းလျှောက်ပါ။ အိမ်နဲ့ ဘတ်စ်ကားတစ်မှတ်တိုင်စာပဲဖြစ်ဖြစ် မိုင်ဝက်လောက်ဖြစ်ဖြစ် ကိုယ့်စိတ်ငြိမ်သွားတဲ့အထိ စိတ်အေးလက်အေး လျှောက်ရတာလည်း စိတ်ဖိစီးမှုတွေ လျော့သွားစေပါတယ်။

၄။ အယ်လ်ကိုဟောကို မရွေးပါနဲ့။ ပူနွေးတဲ့အရည် တစ်ခုခုလောက် သောက်ကြည့်လေ။ ချောကလက်အပူ သို့မဟုတ် ပန်းခြောက်ရေနွေးတစ်မျိုးလောက်ကို သောက်လိုက်ရင်လည်း စိတ်ထဲမှာ နွေးထွေးသွားသလို ခံစားရပါတယ်။

၅။ "တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့" ။ အိမ်မှာ အပင်လေးတွေစိုက်ထားတယ်ဆိုရင် သစ်ပင်လေးတွေကို ရေလောင်းပေးပါ။

အပင်စိမ်းစိမ်းစိုစိုလေးတွေကို မြင်ရတာ စိတ်ထဲလန်းဆန်းရပါတယ်။

 

၆။ သင်းပျံ့တဲ့ ရနံ့တစ်မျိုးလောက်ကို ရယူပါ။ အမွှေးနံ့ရှိတဲ့ ဖယောင်းတိုင်လေးကို အခန်းထဲမှာ ထွန်းထားပြီး ရေချိုးရင်း သီချင်းနားထောင်ရတာကလည်း စိတ်အေးချမ်းစေပါတယ်။ ကိုယ်ကြိုက်တဲ့ ပန်းတစ်မျိုးလောက်ကို အိပ်ရာဘေးထားပြီး လဲလျောင်းတာလည်း မဆိုးလှပါဘူး။

၇။ ဆေးရောင်ခြယ်တာက ကလေးတုန်းက အပျော်သဘော ခြယ်ခဲ့ကြတာပါ။ ခုခေတ်မှာ လူကြီးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Adult colouring စာအုပ်တွေ ရှိနေပါပြီ။ အသေးစိတ် ဆေးရောင်ခြယ်လိုက်ရင် အာရုံတွေက မပျံ့လွင့်တော့ဘူး။ စိတ်ငြိမ်သွားပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က