လွယ်ကူပြီး အားစိုက်ထုတ်စရာမလိုတဲ့ လေ့ကျင့်ခန်းလေးတွေပါပဲ...

မနက်အိပ်ရာက နိုးချိန်မှာ ပြုလုပ်သင့်တဲ့အရာတွေထဲက တစ်ခုကို ပြောပါဆိုရင် ကာယလေ့ကျင့်ခန်း ပြုလုပ်တာပါပဲ။ အကြောဆန့်လေ့ကျင့်ခန်း၊ ကြိုးခုန်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှု အမျိုးမျိုး ရှိပါတယ်။ သိပ်ပင်ပင်ပန်းပန်း မလုပ်ရဘဲ လူကို နိုးကြားတက်ကြွစေမဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။

 

၁။ ကြမ်းပြင်မှာ ကျောဆန့်ပြီး ပက်လက်အနေအထားနဲ့ လဲလျောင်းနေပါ။ ဘယ်လက်ကို ဆန့်ထုတ်ပြီး ဘယ်ဒူးကိုတော့ လက်နဲ့ဆန့်ကျင်ဘက်ကို ၉၀ ဒီဂရီကွေးထုတ်လိုက်ပါ။ ညာလက်က ဘယ်ဒူးကို ထိန်းပေးထားရပါမယ်။ စက္ကန့် ၃၀ ကြာရင် နောက်တစ်ဖက် ပြောင်းလုပ်ပါ။

 

၂။ ကြမ်းပြင်မှာ ဘယ်ဘက်ကိုစောင်းပြီး လဲလျောင်းနေပါ။ ပေါင်၊ ဒူးနဲ့ ခြေကျင်းဝတ်တို့ အားလုံး ကြမ်းနဲ့ထိနေရပါမယ်။ ဒူးကိုတော့ ၉၀ ဒီဂရီကွေးလိုက်ပါ။ ညာပေါင်က အပေါ်ကိုရောက်နေပါလိမ့်မယ်။ ဒူးကွေးလျက် အနေအထားနဲ့ ခြေကျင်းဝတ်တွေကို မကွာဟစေဘဲ ညာဒူးကို အပြင်ဘက်ကို ထုတ်ပေးရရတာ ဖြစ်ပါတယ်။ ၁၅ ကြိမ် ပြုလုပ်ပြီး နောက်တစ်ဖက်ကို ပြောင်းပေးပါ။

 

၃။ ဒီနည်းကိုတော့ Bird Dog လို့ ခေါ်ပါတယ်။ ကြမ်းပြင်မှာ လက်ဖဝါးနဲ့ ဒူးတွေချပြီး လေးဘက်ထောက်ထားရပါမယ်။ ဘယ်လက်ကိုဆန့်ထုတ်လိုက်ချိန်မှာ ညာခြေကလည်း အနောက်ကို ဆန့်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ် ပြုလုပ်ပါ။

Source : Self

Share

Loading Next Article...
က္က