အရောင်ဆိုးဆေးပါတဲ့ စားစရာ သောက်စရာတွေကို ရှောင်နိုင်သမျှရှောင်ပါ

နေထိုင်စားသောက်ရတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အလုပ်အကိုင်ကြောင့်ဖြစ်စေ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ကပ်ငြိနေရပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ချေဖျက်ပေးနေတာဖြစ်တာကြောင့် ကိုယ်တွင်းက အသည်းကို ကောင်းမွန်အောင်လည်း နေထိုင်စားသောက်ရပါမယ်။ ဒါတွေတင်သာမက ယခုပြောပြမယ့် အချက်တွေကလည်း ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြယ်စေမယ့် နည်းလမ်းကောင်းတွေပါ။

 

၁။ ရေများများသောက်ခြင်းက အဆိပ်အတောက်တွေ ပြေသွားစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်နဲ့ သိပ်မကွာတဲ့ ရေကြက်သီးနွေးလေးက အကောင်းဆုံးပါပဲ။ ဆေးဘက်ဝင်ရေနွေး၊ အသီးတွေနဲ့ရောစပ်ထားတဲ့ရေ စတာတွေကိုလည်း သောက်သင့်ပါတယ်။

၂။ အယ်လ်ကိုဟောနဲ့ ကော်ဖီကို လျှော့သောက်ပါ။ ဆီးရွှင်စေတဲ့အရည်တွေက ခန္ဓာကိုယ်တွင်းက ရေဓာတ်ကိုခမ်းစေပါတယ်။ အချိုများတဲ့ဖျော်ရည်တွေကိုလည်း လျှော့သောက်ပါ။ ဆိုးဆေးရောင်စုံနဲ့ သောက်စရာတွေကိုလည်း ရှောင်သင့်ပါတယ်။

၃။ သဘာဝကြီးနဲ့ ထိတွေ့ဆက်သွယ်ပါ။ ဆိုလိုတာကတော့ အအောက်အအုံပြင်ပမှာ လမ်းလျှောက်တဲ့အကျင့်လေး ရှိပါစေ။ နေရောင်ခြည်လေးခံယူရင်း သစ်ပင်တွေအောက်မှာ လမ်းလျှောက်ပါ။ သဘာဝလေထုက စိတ်နဲ့ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။

 

၄။ အဆုတ်ကို လေ့ကျင့်ခန်းပေးပါ။ လေထုညစ်ညမ်းမှုဒဏ်တွေ သက်ရောက်မှုကနေဝေးအောင် ရှောင်နိုင်သမျှရှောင်ပါ။ ဆေးလိပ်သောက်ခြင်းကို လျှော့ပါ။

၅။ ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းကလည်း အဆိပ်အတောက်တွေ ပြယ်သွားစေပါတယ်။ ရေနွေးငွေ့ကြောင့် ချွေးပေါက်တွေပွင့်သွားပြီး သွေးလည်ပတ်မှု အားကောင်းလာပါလိမ့်မယ်။ အရေပြားအောက်မှာပုန်းအောင်းနေတဲ့ ချွေးနဲ့အဆီဂလင်းတွေက မွေးညင်းပေါက်တွေကနေပွင့်ထွက်လာပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။

 

၆။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေလည်း ရှိပါတယ်။ အကောင်းဆုံးတစ်ခုကို ပြောရရင်တော့ ဆနွင်း (နနွင်း)ပါ။ နနွင်းတက်က အသည်းကို အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်တွေကို စစ်ထုတ်ပေးရတာမို့ အသည်းအားကောင်းအောင် နေထိုင်ပါ။

Source : Maire Claire

Share

Loading Next Article...
က္က