လှတာကို ဦးစားမပေးပါနဲ့၊ သက်တောင့်သက်သာဖြစ်ဖို့က အရေးကြီးဆုံးပါ။
 

အတွင်းခံဘောင်းဘီက ကျောင်းဝတ်စုံ၊ အလုပ်ယူနီဖောင်းလို မဖြစ်မနေ ဝတ်ရတာမျိုးတော့ မဟုတ်ပေမဲ့ မဝတ်ဘဲလည်း နေလို့မှမရတာပဲလေ။ အတွင်းခံဝတ်ခြင်းဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း ပိုမိုကြည့်ကောင်းစေပါတယ်။ သင့်လျော်တဲ့အတွင်းခံကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဝတ်မယ်ဆိုရင်ပေါ့...။ ဒါလေးတွေကို ဖတ်ကြည့်ပါဦး။ သင် ဘယ်လိုအမှားတွေ ပြုလုပ်နေမိသလဲဆိုတာ သိသွားပါလိမ့်မယ်။

၁။ လေ့ကျင့်ခန်းလုပ်ပြီးရင် နောက်တစ်ထည်မလဲဘူး

Gym သွားပြီး ကာယလေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးသွားတော့ အပြင်အဝတ်အစားကို လဲဝတ်ပေမဲ့ အတွင်းခံဘောင်းဘီကိုမလဲဘူးဆိုရင် သိပ်ကိုဆိုးရွားတဲ့အကျင့်ကြီးပါ။ ချွေးတွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ခန္ဓာကိုယ်ကို ကပ်ငြိနိုင်ပါတယ်။ အတွင်းခံကို နောက်တစ်ထည်ပြောင်းဝတ်ပါ။

၂။ လှတာကိုဦးစားပေးတယ်

မိန်းကလေးတွေဆိုရင် အတွင်းခံဝတ်ရင်တောင်မှ လှလပပလေးတွေပဲ ရွေးကြတာ။ တကယ်တမ်းတော့ အတွင်းခံဟာ လှပဖို့ထက် သက်တောင့်သက်သာဖြစ်စေတဲ့ ချည်သားဖြစ်ဖို့ကသာ အရေးကြီးတာပါ။

 

၃။ လျှော်ဖွပ်သန့်စင်ပါ

တစ်ကြိမ်ဝတ်ပြီးသားကို ပြန်မဝတ်ပါနဲ့။ မလျှော်ရသေးတဲ့ အတွင်းခံကို လုံးဝ(လုံးဝ) မဝတ်သင့်ပါဘူး။ မိန်းမကိုယ်တစ်ဝိုက်မှာ ယားနာတွေပေါက်လာနိုင်ပါတယ်။

၄။ သားရေကြိုးတင်းတင်း

အတွင်းခံဝတ်ရင် ခါးနေရာမှာ သားရေကြိုးက တင်းကျပ်နေတာကို သဘောကျသူတွေရှိတယ်။ တကယ်တော့ အတွင်းခံဘောင်းဘီရဲ့ သားရေကြိုးက တင်းကြပ်နေဖို့ မလိုပါဘူး။ သက်တောင့်သက်သာဖြစ်စေဖို့က အရေးကြီးဆုံးပါ။ သားရေကြိုးနဲ့မှ ဝတ်တတ်တယ်ဆိုလည်း တင်းနေတာကိုမရွေးဖို့ အကြံပေးပါရစေ။ ပြီးတော့ တစ်ချိန်လုံးဝတ်ထားဖို့လည်း မလိုဘူးနော်။ ညအိပ်ရင် အတွင်းခံကြပ်ကြပ်ဝတ်ပြီးအိပ်တာက မကောင်းပါဘူး။

၅။ ဆိုဒ်

အတွင်းခံဘောင်းဘီကို ဝတ်ကြည့်လိုက်လို့ camel toe လို့ ခေါ်တဲ့ ဆီးခုံနေရာလေးမှာ တင်းကြပ်နေသလို ခံစားရရင် အဲ့ဒီအတွင်းခံဘောင်းဘီကို ဆက်မဝတ်ပါနဲ့။ ဆီးခုံနေရာမှာ တင်းကြပ်နေတဲ့အခါ ကျန်းမာရေးပြဿနာတွေနဲ့ မိန်းမကိုယ်တစ်ဝိုက် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။

 

၆။ အမွှေးနံ့

အတွင်းခံဘောင်းဘီလေးကို မွှေးမွှေးလေးဖြစ်နေအောင်ဆိုပြီး လျှော်ဖွပ်တဲ့အခါ အမွှေးဆီတွေသုံးတာလည်း မလုပ်သင့်ပါဘူး။ အနံ့မပါတဲ့ သာမာန်ဆပ်ပြာကိုပဲ သုံးသင့်ပါတယ်။ အနံ့တွေက အခန့်မသင့်ရင် ယားယံမှုဖြစ်စေပါတယ်။

Source : Seventeen


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က