နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်၊ ဆံပင်၊ နှလုံး၊ ကျောက်ကပ်နဲ့ အူတွေအထိ ထိခိုက်နိုင်ကာ အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
 

မြန်မာနိုင်ငံမှာ အရေ ပြားလေးဖက်နာရောဂါဖြစ်ပွားသူ ငါးသောင်းခန့်ရှိနေပြီး အမျိုးသမီးတွေ ပိုမိုဖြစ်ပွားနေကြောင်း အရိုးအကြောအဆစ်ရောဂါကု ဆရာဝန်ကြီးတွေက ခန့်မှန်းပြောကြားထားပါတယ်။

အမျိုးသမီးတွေမှာ အီစထရိုဂျင်ဓာတ်ကြောင့် ပိုဖြစ်တယ်လို့ ယူဆရပြီး အီစထရိုဂျင်ဓာတ်များလာတဲ့အရွယ်ဖြစ်တဲ့ မြီးကောင်ပေါက်အရွယ်တွေမှာ ပိုဖြစ်တာများပြားပါတယ်။ သွေးဆုံးသွားတဲ့အရွယ်မှာတော့ အဖြစ်နည်းသွားတာ ဖြစ်ပါတယ်။

အရေပြားလေးဖက်နာရောဂါဟာ အသက်အရွယ်မရွေးဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ နေရာဒေသမရွေး၊ လူမျိုးမရွေး၊  ခန္ဓာကိုယ်အစိတ်အပိုင်းမရွေး ထိခိုက်တတ်တဲ့  နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သင့်အသည်းကို ထိခိုက်ပျက်စီးစေတဲ့အရာ (၇)ခု)

 

အဆိုပါရောဂါဟာ နေရောင် (ခရမ်းလွန်ရောင်ခြည်)၊ နေထိုင်စားသောက်မှုပုံစံ၊ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လေးဘက်နာဖြစ်ရင်  ကနဦး လက္ခဏာတွေကတော့ အရေပြားပေါ်မှာ အကွက်တွေထွက်ပေါ်လာခြင်း၊ အရိုးအဆစ်တွေ လေးခုထက်ပိုမို နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှုလျော့ပါးလာခြင်း၊ မောပန်းလွယ်ခြင်း၊ အဆစ်အမြစ်တွေကိုက်ခဲခြင်းနဲ့ နုံးချည့်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

အရေပြားထိခိုက်မှုက အများဆုံးဖြစ်ပြီး ပါးနှစ်ဖက်နဲ့ နှာခေါင်းပေါ်တို့မှာ နီရဲတဲ့လိပ်ပြာပုံသဏ္ဌာန် အကွက်ဖြစ်လာပြီး ဆံပင်တွေကျွတ်ခြင်းနဲ့ ဖျားနာခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

 

ရောဂါဖြစ်ပွားရင် အရေပြားနဲ့  အရိုးအဆစ်တွေ ထိခိုက်ရုံတင်မကဘဲ  နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်၊ ဆံပင်၊ နှလုံး၊ ကျောက်ကပ်နဲ့ အူတွေအထိ ထိခိုက်နိုင်ကာ အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ အာရုံကြောအဖွဲ့အစည်းပါ ထိခိုက်လာတဲ့အခါ ပိုမိုစောစီးစွာသေဆုံးနိုင်ကြောင်း သိရပါတယ်။

ကမ္ဘာပေါ်မှာ  အရေပြားလေးဖက်နာရောဂါ ဖြစ်ပွားသူ ငါးသန်းခန့် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

Photos & Source: 7Day Daily

Share

Loading Next Article...
က္က