ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်အချို့ကြောင့် Parkinson ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေရှိပါတယ်။
 

မြေအောက်ကနေ ထုတ်ယူလိုက်တဲ့ ရေတွေဟာ ကြည်လင်နေသည့်တိုင်အောင် လုံးဝဥဿုံ သန့်စင်နေတာ မဟုတ်ပါဘူး။ ဘုံဘိုင်ခေါင်းကနေ ကျလာတဲ့ ရေထဲမှာ ကလိုရင်း၊ ဖလူအိုရိုက်တို့လိုဓာတ်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဆိုဒီယံ၊ ကလိုရိုက်၊ ဆာလ်ဖိတ်တို့ ဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ မဂ္ဂနီစ်၊ ကော့ပါး ၊ အလူမီနီယံ၊ နိုက်ထရိတ်၊ သံသတ္တုတို့လို သတ္တုဓာတ်တွေလည်း ပါဝင်နေတတ်တာမို့ သန့်စင်တဲ့ရေလို့ ပြောလို့မရနိုင်ပါဘူး။

 

ဒီသတ္တုဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ စုဝေးလာတဲ့အခါ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ဓာတ်တွေပျော်ဝင်နေတဲ့ရေကို သောက်ခြင်းဟာ အထူးသဖြင့် အကြောအားနည်းပြီးခြေတုန်လက်တုန်ဖြစ်တဲ့ Parkinson ရောဂါနဲ့ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေရှိပါတယ်။ ရေကို သန့်စင်ဖို့အတွက် အချို့ကတော့ ရေစစ်ဇကာ (filter) ကို အသုံးပြုကြပါတယ်။ Filter ကို သုံးမယ်ဆိုရင်လည်း သက်တမ်းကုန်ဆုံးသွားတိုင်း အသစ်လဲလှယ်ဖို့က အရေးကြီးပါတယ်။

 

နောက်ထပ် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကတော့ နံနံပင်ပါ။ နံနံပင်ဟာ ရေထဲမှာ ပျော်ဝင်နေတဲ့ လူကိုအဆိပ်အတောက်ဖြစ်စေမယ့် သတ္တုဓာတ်တွေကို ပြယ်သွားစေပါတယ်။ ရေထဲမှာပါဝင်နေတဲ့ အဆိုပါဓာတ်တွေနဲ့ ထိတွေ့တဲ့အခါ နံနံပင်ဟာ အလိုအလျောက် အဆိပ်ပြယ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ရေ ၂ လီတာကို နံနံပင် လက်တစ်ဆုပ်စာနှုန်း ထည့်ထားပေးလိုက်ရင် ယင်းရေက သန့်စင်သွားလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်ရှိ Ivy Tech Community College မှ Douglas Schauer က ပြောပါတယ်။

Source : Natural Soultions

Share

Loading Next Article...
က္က