ဒါတွေကို အစားစားရုံနဲ့ ဖြေရှင်းလို့ရနိုင်တယ်။
 

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေဟာ လုံလောက်တဲ့ ပမာဏအတိုင်း ရနေဖို့ အရေးကြီးပါတယ်။ အသက်အရွယ်နဲ့ ကျား၊မ အမျိုးအစားအလိုက် လိုအပ်မှုပမာဏက မတူညီပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် မရဘူးဆိုရင်တော့ သင့်ရဲ့မျက်နှာက ပြောပြနေပါလိမ့်မယ်။

၁။ မျက်အိတ်တွဲခြင်း

များသောအားဖြင့်တော့ အိပ်ရာကနိုးထခါစမျာ မျက်အိတ်တွဲနေတတ်ပါတယ်။ အိပ်ရာထစမဟုတ်ဘဲ အချိန်တိုင်းလိုလို မျက်အိတ်တွဲနေရင်တော့ အိုင်အိုဒင်း (iodine)ဓာတ် လုံလုံလောက်လောက်မရဘူးဆိုတဲ့သဘောပါ။ ဒိန်ချဉ်၊ ပင်လယ်ရေမှော်၊ အာလူး၊ စတော်ဘယ်ရီနဲ့ ဘိုကိတ်ပဲတို့ကို များများစားပေးပါ။

၂။ ဖြူဖျော့တဲ့အသားအရေ

ကိုယ့်ရဲ့အသားအရေက ဖျော့တော့နေတဲ့ပုံ ပေါက်နေပြီလား။ ဒါဆိုရင် ဗီတာမင် B12 မလုံလောက်လို့ ဖြစ်ပါလိမ့်မယ်။ ဆယ်လ်မွန်ငါး၊ အသား (အမဲသား၊ ဆိတ်သား) ၊ ကွေကာ၊ ဒိန်ချဉ်၊ ဆွစ်ချိစ်တို့ကို စားသုံးပေးရပါမယ်။

 

၃။ ဆံသားခြောက်သွေ့မှု

ခြောက်သွေ့တဲ့ဆံသားတွေက ကိုယ့်ရဲ့အလှအပကို ဖျက်လို့ဖျက်ဆီးလုပ်နေတာ ရက်ပေါင်းအတော်ကြာနေပြီ။ ဘာကြောင့်မှန်းမသိဘဲ ဆံပင်တွေ ခြောက်သွေ့နေတာက စိတ်ညစ်စရာပါ။ ဗောက်တွေလည်း ရှိချင်ရှိနေပါလိမ့်မယ်။ ပိုပြီးစိတ်ညစ်စရာကောင်းတာကတော့ ဒီလက္ခဏာဟာ ဘိုင်အိုတင် (biotin) သို့မဟုတ် ဗီတာမင် B7 ချို့တဲ့လို့ ဖြစ်ပါတယ်။ ဥအမျိုးမျိုး၊ အယ်လ်မွန်၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ နှံစားပင်ကရတဲ့အစေ့အဆံတွေကို စားပေးပါ။

၄။ ဖြူဖျော့နေတဲ့နှုတ်ခမ်း

နှုတ်ခမ်းတွေက ဘာအရောင်မှပေါ်ဘဲ ဖြူဖျော့နေတယ်ဆိုရင်တော့ သံဓာတ်အားနည်းလို့ပါ။ မိန်းကလေးတွေ အဖြစ်များပါတယ်။ သံဓာတ်မလုံလောက်တဲ့အခါ ကိုယ်ခံအားစနစ်လည်း အားနည်းလာပါတယ်။ သံဓာတ်အားကောင်းစေမယ့် အစားအစာတွေကို များများစားဖို့ လိုနေပါပြီ။ အသား၊ ပင်လယ်စာ၊ ပဲနဲ့ အချို့သောဟင်းသီးဟင်းရွက်တွေက သံဓာတ်အားကောင်းစေပါတယ်။

 

၅။ သွားဖုံးသွေးယိုခြင်း

floss (သွားသန့်ရှင်းရေးကြိုး)ကို အသုံးပြုပြီးလို့ သွားဖုံးကြားကနေ သွေးအနည်းငယ်ထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ မကြာခဏ ဖြစ်နေပြီ၊ နည်းနည်းလောက် ထိမိဝါးမိရင်ကိုပဲ သွေးဖုံးထဲကသွေးယိုစိမ့်လာပြီဆိုရင်တော့ ဗီတာမင် C လိုအပ်နေလို့ ဖြစ်ပါတယ်။ ဗီတာမင် C အပြည့်အဝ မရတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းလာပြီး ကြွက်သားနာကျင်ခြင်း၊ သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေ ကြုံလာရပါတယ်။ ချဉ်တဲ့သစ်သီးတွေမှာ ဗီတာမင် C ပမာဏများများ ပါဝင်ပါတယ်။ ပန်းငရုတ်ပွအနီ၊ ဘရိုကိုလီနဲ့ စပျစ်သီးတွေကိုလည်း စားပေးလို့ရပါတယ်။

Source : Natural Cures

Share

Loading Next Article...
က္က