ပုံမှန် အပြေးလေ့ကျင့်တဲ့ အမျိုးသားတွေဟာ သုက်အားကောင်းပါတယ်။

ပြေးခြင်းဟာ သက်လုံကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒီ့ထက်မကတဲ့ ကောင်းကျိုးတွေလည်း ရှိပေမဲ့ သတိထားရမယ့် နောက်ဆက်တွဲ ကျန်းမာရေးပိုင်းတွေလည်း ရှိနေပါသေးတယ်။

 

၁။ ဝှေးစေ့တွေကို နာကျင်စေ

အပြေးသမား အမျိုးသား ၇ ဦးမှာ ၁ ဦးနှုန်းဟာ ပြေးနေစဉ်မှာ ဝှေးစေ့နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ကပ်ပယ်အိတ်တွင်းရှိ ဝှေးစေ့ထဲက သွေးပြန်ကြောချွတ်ယွင်းမှုကို ဖြစ်စေလာပြီး ဝှေးစေ့က ကြီးလာကာ နာကျင်မှုကို ယာယီခံစားရတာပါ။ မျိုးရိုးလိုက်တတ်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

၂။ ဖိအားများလွန်းခြင်းက ပြဿနာ

လူက မောနေပေမဲ့ အတင်းအကျပ် ကိုယ့်ကိုယ်ကိုယ်စေခိုင်းပြီး ပြေးနေတာလည်း သိပ်တော့မကောင်းပါဘူး။ အပြေးလေ့ကျင့်ရာမှာ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ငဲ့ရပါမယ်။ အရမ်းပြေးလွန်းရင် ပေါင်ခြံကို သွေးစီးဆင်းမှု ဟန့်တားလိုက်သလိုဖြစ်သွားပြီး ဝှေးစေ့တွေ ပိုနာကျင်လာရပါတယ်။ နာကျင်လာပြီ သို့မဟုတ် ထုံလာသလို ခံစားရပြီဆို ပြေးတာရပ်လိုက်ပါ။ ပြေးလွှားတုန်း ဝှေးစေ့နာကျင်ခြင်းက မျိုးပွားနိုင်မှုနဲ့တော့ မဆက်နွှယ်ပါဘူး။

 

၃။ သုက်အားကောင်းစေ

ပုံမှန် အပြေးလေ့ကျင့်တဲ့ အမျိုးသားတွေဟာ သုက်အားကောင်းစေတယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံထုတ် ဆေးပညာဂျာနယ် Sports Medicine မှာ ဖော်ပြချက်အရ တစ်ပတ်ကို ၁၅ နာရီကြာ အသင့်အတင့်ပြေးခြင်း သို့မဟုတ် တက်တက်ကြွကြွလေးပြေးတဲ့ အမျိုးသားတွေဟာ ထိုင်ခုံမှာထိုင်ပြီးအလုပ်လုပ်ရတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် သုက်စုစည်းမှု ၇၃ % ပိုမြင့်မားတယ်လို့ သိရပါတယ်။

 

၄။ အလွန်အကျွံမပြေးသင့်ဘူး

တစ်ပတ်ကို ၆၇ မိုင်ထက် ပိုပြီးပြေးတဲ့ အမျိုးသားတွေဟာ testosterone လည်ပတ်မှု ၂၈ % လျော့ကျသွားပါတယ်။ သုက်ရဲ့အရည်အသွေး နိမ့်သွားတယ်လို့ မှတ်ယူနိုင်ပါတယ်။

Source : Men Health

Share

Loading Next Article...
က္က