နှစ်ဦးသားသံယောဇဉ်ကို ပိုမိုခိုင်မာအောင် ဂဟေတို့ပေးသလိုပါပဲ။
 

ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာတွေထဲမှာ ကျန်းကျန်းမာမာလည်းရှိစေပြီး လူတိုင်းလည်းလုပ်နိုင်မယ့် အကြံညဏ်လေးတွေ ပေးချင်ပါတယ်။

၁ - အနမ်း

အလုပ်ကနေ အိမ်ကို နောက်ကျမှ ပြန်ရောက်လာပါတယ်။ သင်ချစ်ရတဲ့လူကို နှုတ်ဆက်စကားလေးပြောပြီး အပြင်ချက်ချင်းပြန်ထွက်မယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ အပြင်မထွက်ခင် ချစ်ရသူကို  အနမ်းလေးပေးသင့်ပါတယ်။ အနမ်းတစ်ပွင့်ပေးဖို့ ဘယ်တော့မှ မနှောင့်နှေးသင့်ပါဘူး။ အနမ်းဟာ စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။ နှစ်ဦးသားသံယောဇဉ်ကို ပိုမိုခိုင်မာအောင် ဂဟေတို့ပေးသလိုပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ယောက်ျားလေးတွေက ဆက်စီကျတယ်လို့မြင်တဲ့ ဖက်ရှင် (၄) မျိုး)

 

၂ - လတ်ဆတ်တဲ့ ငါးတစ်ကောင်

လတ်ဆတ်တဲ့ ငါးတစ်ကောင်ကို လတ်ဆတ်တဲ့ဟင်းပွဲလေးတစ်ခုဖန်တီးပြီး စားတာပါ။  လတ်ဆတ်အိထွေးတဲ့ ငါးရဲ့ အရသာလေးကိုခံစားရရုံမကဘဲ  အိုမီဂါသရီး ဖက်တီးအက်ဆစ်ကိုပါ ခန္ဓာကိုယ်ကို ရရှိစေပါတယ်။ အိုမီဂါသရီးဟာ နှလုံးကျန်းမာရေးနဲ့ စွမ်းအင်တွေသိုလှောင်မှုမှာ အရေးကြီးပါတယ်။ ငါးတစ်ကောင်စားဖို့ နှောင့်နှေးမနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်သင့်ပါတယ်။

၃ - လက်သည်း

လက်တွေဟာ ပျားတွေလို မနားတမ်းလုပ်နေရတာပါ။ လက်သည်းတွေကို သန့်ရှင်းအောင်ထားပြီး အလှပြင်တာကလည်း သင်လုပ်ဖို့ ဝန်မလေးသင့်တဲ့အရာပါ။ လက်သည်းလေးတွေ လှပနေတာဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ ယုံကြည်မှုလည်း မြင့်တက်လာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်နေစေပါတယ်။

 

၄ - ရုပ်ရှင်

ရုပ်ရှင်တွေထဲကမှ ဟာသရုပ်ရှင်ကိုကြည့်ပါ။ တစ်ယောက်တည်းကြည့်တာထက် အဖော်နဲ့ကြည့်ပါ။ တစ်ယောက်တည်းထက် အဖော်နဲ့ဆို ပိုရယ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ ချစ်ခင်သူတွေနဲ့ကြည့်တဲ့အခါ ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေတယ်။ ပျင်းပြီး ဘာလုပ်ရမှန်းမသိဘူးဆိုရင်တော့ ဟာသကားလေးတစ်ကားလောက်တော့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်သင့်ပါတယ်။

၅ - သဘာဝ

အိမ်ပြင်ကို ထွက်ပါ။ မြို့ထဲ၊ရပ်ကွက်ထဲက အစိမ်းစိုဆုံးနေရာလေးမှာ အပန်းဖြေပါ၊ လမ်းလျှောက်ပါ။ ဒီလိုမျိုးလည်း ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပါ။ အလိုလိုက်တယ်ဆိုတဲ့စကားကို ကြားတာနဲ့ စားချင်တာစားတာ၊ သောက်ချင်တာသောက်တာ၊ သွားချင်တဲ့နေရာ သွားတာမျိုးပဲ မဟုတ်ပါဘူး။ စိမ်းစိုတဲ့နေရာလေးတစ်ခုမှာလည်း ကိုယ့်ကိုယ်ကိုယ် အလိုလိုက်သင့်ပါတယ်။

Photos & Source: Web Mbd

Share

Loading Next Article...
က္က