ဖမ်းပြီးတဲ့အခါ ဘောလုံးကို ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ထားရမှာပါ။
 

လက်တွေ ကိုက်ခဲနေပြီဆိုရင်တော့ နေ့စဉ်အသေးအဖွဲ့ကိစ္စလေးတွေမှာပါ ကသိကအောက်ဖြစ်ရပါတယ်။ အမှိုက်ပစ်တာ၊ ကြယ်သီးတပ်တာမှာတောင် လက်ကနာနေတာကို ခံစားမိပါတယ်။ ဒီ့အတွက် လက်လေ့ကျင့်ခန်းလေးတွေ ပေးချင်ပါတယ်။

၁ - ဂေါက်သီး

 

ဂေါက်သီးကို စားပွဲပေါ်တင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်ဝါးနဲဖိတာ ဖြစ်ပါတယ်။ ဖိပြီး စက်ဝိုင်းပုံ လှည့်ပေးရမှာလည်း ဖြစ်ပါတယ်။ စက်ဝိုင်းပုံလှည့်တဲ့အခါမှာ လက်ဝါးရဲ့နေရာအနှံ့ကို ထိစေရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ငါးကြိမ်ကနေ ဆယ်ကြိမ်ထိဖိလှည့်ပေးရမှာဖြစ်ပြီး ခံနိုင်သလောက် အားစိုက်ဖိပေးသင့်ပါတယ်။ ဂေါက်သီးနဲ့ လိမ့်ပြီးသွားတဲ့အခါမှာ လက်ဝါးကို ပြန်နှိပ်ပေးရမှာဖြစ်ပါတယ်။ နှိပ်တဲ့အခါမှာ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိ နှိပ်ပေးရမှာ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အသက်ကွာဟသူကို မိတ်ဆွေဖွဲ့သင့်တဲ့ အကြောင်းရင်း)

၂ - တင်းနစ်ဘောလုံး

 

တင်းနစ်ဘောလုံးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ရမှာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ကို အနည်းငယ်ဖြေချပြီး တင်းနစ်ဘောလုံးကို မြေပေါ်ပစ်ပေါက်ရမှာ ဖြစ်ပါတယ်။ ဘောလုံးပြန်ကန်လာတဲ့အခါ လက်ဝါးကို မြေပြင်ဘက်လှည့်ထားရင်းနဲ့ပဲ ဖမ်းရမှာ ဖြစ်ပါတယ်။ ဖမ်းပြီးတဲ့အခါ ဘောလုံးကို ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ထားရမှာပါ။ ဒီလိုမျိုး လက်တစ်ဘက်ဆီကို အကြိမ် ၂၀ ခန့် လုပ်ပေးရမှာ ဖြစ်ပါတယ်။

၃ - လက်ကွေး

 

ဒီနည်းကတော့ ရိုးစင်းပါတယ်။ အရင်ဆုံးလက်ကိုဖြန့်ပြီးဆန့်ထားပါ။ လက်မကို လက်ဝါးဘက်ကွေးကာ စက္ကန့်အနည်းငယ်လောက်ကြာအောင်ထားပါ။ ပြီးရင်ပြန်ဆန့်ပါ။ လက်မအတိုင်းပဲ လက်ညိုးကိုလည်း ပုံမှာပြထားတဲ့အတိုင်းကွေးပါ။ ပြီးရင် ပြန်ဆန့်ပါ။ လက်တွေကို တစ်ချောင်းခြင်းလုပ်သွားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ လက်ချောင်းတွေအကုန်လုံးကို တစ်ပြိုင်နက်လုပ်ရမှာ ဖြစ်ပါတယ်။

Photos & Source: Prevention

Share

Loading Next Article...
က္က