အိပ်ပျော်နေချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်ရှိပြီး အိပ်မက်ဆိုးတွေတောင် မမက်တော့ဘူးလို့လည်း ပြောကြပါတယ်။

အိပ်ရာထဲရောက်ပြီးမှ တော်တော်နဲ့ အိပ်မပျော်နိုင်တာဟာ စိတ်ပင်ပန်းရတဲ့ကိစ္စပါ။ အိပ်ရေးမဝဘူးဆိုရင်လည်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိတာရော။

 

အိပ်ရာထဲရောက်တာနဲ့ ချက်ခြင်းအိပ်ပျော်နိုင်မယ့် နည်းလမ်းတွေကိုလည်း အမျိုးမျိုး စမ်းသပ်နေကြပါတယ်။ အကယ်၍များ သင်ကိုယ်တိုင်ကလည်း အိပ်မပျော်နိုင်သူတစ်ဦးဆိုရင် အိပ်ရာခင်းအောက်မှာ ဆပ်ပြာတုံးထားပြီး အိပ်ကြည့်ပါလား။

 

The Doctors ဝက်ဘ်ဆိုက်က လူမှုကွန်ရက်တွစ်တာပေါ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆန္ဒကောက်ခံမှုတစ်ခုရဲ့ ရလဒ်အရ ဆပ်ပြာတုံးကို အိပ်ရာနားမှာထားပြီးအိပ်ခြင်းဟာ အိပ်ပျော်လွယ်စေတယ်လို့ ဖြေကြားသူ ၄၂% က ဆိုပါတယ်။ အိပ်ပျော်နေချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်ရှိပြီး အိပ်မက်ဆိုးတွေတောင် မမက်တော့ဘူးလို့လည်း ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ အဖြေကိုတော့ ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ လူတွေကလည်း လိုက်လံပြုလုပ်နေကြသလို အဆင်ပြေကြတာတွေလည်း တွေ့နေရပါတယ်။

 

 ဖြစ်နိုင်တာကတော့ ဆပ်ပြာတုံးရဲ့ မွှေးရနံ့ကြောင့် စိတ်သက်တောင့်သက်သာဖြစ်ပြီး အိပ်ပျော်သွားတယ်လို့ ယူဆမိပါတယ်။ ဆပ်ပြာခဲ/ဆပ်ပြာတုံးကို အိပ်ရာအောက်မှာထားပြီး အိပ်စက်တဲ့အခါ ဆပ်ပြာက လေထုနဲ့ထိတွေ့တော့ မာကျောသွားတာမို့ အိပ်ရာခင်းက မညစ်ပတ်တော့ဘူးလေ။ အိပ်မပျော်နိုင်သူတစ်ဦးဆိုရင်တော့ စမ်းသပ်ကြည့်နိုင်ပါတယ်။

Source : GHK

Share

Loading Next Article...
က္က