အသက်ကြီးလာတာနဲ့အမျှ ခံတွင်းခြောက်တာဟာ ပိုမို အဖြစ်မြန်လာပါတယ်။
 

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကို ပိုမိုသတိထားစောင့်ရှောက်ဖို့ လိုအပ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ယိုယွင်းမှုတွေက သိသိသာသာကို သတိထားမိလာပါတယ်။ အစောကြီးကတည်း အလေ့အကျင့်လုပ်ပြီး ဂရုစိုက်သင့်ထဲမှာ သွားကျန်းမာရေးလည်း ပါဝင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွားကို ဂရုစိုက်စောင့်ရှောက်ရမယ့် ပုံစံလေးတွေ ရှိပါတယ်။

၁ - သွားပွတ်တံ

အသက်ကြီးလာတာနဲ့အမျှ သွားပွတ်တံအရွယ်အစားကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုနူးညံ့တဲ့ သွားပွတ်တံကို သုံးသင့်တာ ဖြစ်ပါတယ်။ ပျော့ပြောင်းနူးညံ့တဲ့ သွားပွတ်တံဟာ အသက်ကြီးရင့်လာတဲ့ကြွေလွှာတွေကို ထိခိုက်မှု နည်းပါးစေပါတယ်။ သွားဖုံးကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

 

၂ - အခြောက်မခံနဲ့

အသက်ကြီးလာတာနဲ့အမျှ ခံတွင်းခြောက်တာဟာ ပိုမိုအဖြစ်မြန်လာပါတယ်။ ဒါဟာ သင်သောက်နေရတဲ့ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပါးစပ်ခြောက်သွေ့ခြင်းဟာ သင့်သွားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။  တံတွေးဟာ သွားတွေယိုယွင်းခြင်းကို ကာကွယ်ပေးပြီး သွားသန့်ရှင်းမှုကို ပြုလုပ်ပေးနေတာပါ။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ သွားကျန်းမာရေးအတွက် ရေများများ သောက်ပေးသင့်ပါတယ်။

၃ - ခြောက်လတစ်ကြိမ်

အသက်ကြီးလာတဲ့အခါ သင့်သွားတွေကို သွားဆေးခန်းမှာ ပုံမှန်သွားရောက်သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ခြောက်လတစ်ကြိမ် သွားရောက်သန့်ရှင်းသင့်တာ ဖြစ်ပါတယ်။ သွားဆေးခန်း ပုံမှန်သွားခြင်းဟာ သွားတွေကို ကျန်းမာစေရုံသာမကဘဲ သွားမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြသနာတွေကို ကြိုတင်ဖြေရှင်းနိုင်တာလည်း ဖြစ်ပါတယ်။ ကြီးရင့်တဲ့အခါ သွားတွေဟာ တုံ့ပြန်ခံစားမှု အားနည်းလာပြီး တချို့ပြသနာတွေကို ကြီးထွားလာမှာပဲ သိတတ်ပါတယ်။

 

၄ - တစ်နေ့နှစ်ကြိမ်နဲ့ ဖလိုရိုက်

သွားကို တစ်နေ့နှစ်ကြိမ်တိုက်ဖို့ကတော့ ငယ်ငယ်ကတည်းကနေ ကြီးတဲ့ထိ ဂရုစိုက်ရမယ့် ကိစ္စပါ။ ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ထားရမှာလည်း ဖြစ်ပါတယ်။ တိုက်တဲ့ သွားတိုက်ဆေးမှာ ဖလိုရိုက်ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ဒါကို ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

၅ - ဆေးလိပ်နဲ့ အရက်

ဆေးလိပ်နဲ့ အရက်ရဲ့ ဆိုးကျိုးတွေဟာ သင့်သွားပေါ်မှာလည်း သက်ရောက်ပါတယ်။ ဆေးလိပ်သမားဆိုရင်တော့ သွားဖုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ရရှိနိုင်ခြေက အလွန်မြင့်မားပါတယ်။ အရက်ကလည်း ဆိုဒါပါတဲ့အချိုရည်တွေလိုပဲ သင့်သွားဖုံးရဲ့ ကြွေလွှာတွေကို ထိခိုက်နိုင်ပါတယ်။ မသောက်မဖြစ်ဆိုရင်တော့ ပိုက်လေးနဲ့ စုပ်သောက်ရင် ပိုကောင်းပါမယ်။ လွယ်တော့မလွယ်ပေမယ့် သောက်သုံးနေတဲ့ အရည်တွေနဲ့ ထိတွေ့မှုကိုတော့ နည်းပါးစေပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က