လေထုထဲက စိုထိုင်းဆ အပြောင်းအလဲမှာ အသက်ရှုရ ခက်ခဲတတ်ပါတယ်။

ဧပြီလရဲ့ အပူချိန်ကို ကျော်ဖြတ်ခဲ့ပြီးလို့ မေလထဲကို ရောက်လာပါပြီ။ ရာသီဥတုကတော့ ပြင်းထန်တုန်းပါပဲ။ လကုန်လောက်ဆိုရင်တော့ မိုးကရွာလာပါတော့မယ်။


 

အပူကနေ အအေးကို ကူးပြောင်းတဲ့အချိန်မှာ ရာသီဥတုအပြောင်းအလဲဟာ ခန္ဓာကိုယ်ကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့လို့ ရာသီအကူးအပြောင်းကြောင့်လည်း နေမကောင်းဖြစ်နိုင်ပါတယ်။

၁။ သွေးဖိအား

သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ဖြစ်နိုင်တဲ့အထဲမှာမှ ရာသီဥတုကလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် ရာသီဥတုအေးသွားတဲ့အခါ သွေးကြောလေးတွေကျဉ်းသွားလို့ သွေးဖိအားပြောင်းလဲတတ်ပါတယ်။

 

၂။ ခေါင်းကိုက်နိုင်

ရာသီအပြောင်းအလဲမှာ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းတည်းကိုက်ခြင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ပြင်းထန်တဲ့ ရာသီကူးပြောင်းမှုကြောင့် ဦးနှောက်ထဲက သွေးကြောလေးတွေကို သက်ရောက်မှုဖြစ်စေကာ ခေါင်းကိုက်ရခြင်းဖြစ်ပါတယ်။ အချို့တွေဆိုရင် ရာသီဥတု နည်းနည်းလောက် ပြောင်းလိုက်တာနဲ့ကို ခေါင်းကိုက်ဝေဒနာ ခံစားရပါတယ်။ ရာသီပြောင်းတိုင်း ခေါင်းကိုက်တတ်သူတွေအနေနဲ့ ဆေးကိုဆောင်ထားသင့်ပါတယ်။

 

၃။ ပိုပြီးအိပ်

ဆောင်းရာသီမှာဆိုရင် အိပ်ချိန်ပိုများလာတာ လူတိုင်းလိုလိုပါပဲ။ လေထုက အေးစိမ့်စိမ့်လေး ဖြစ်လာတဲ့အခါ သာမာန်အိပ်ချိန်ထက်ကို ပိုပြီးအိပ်စက်မိကြပါတယ်။

 

၄။ ရောင်ရမ်းမှုပိုဆိုးလာ

ဆောင်းရာသီအတွင်းမှာပဲ နောက်ထပ် အဖြစ်များတဲ့ ပြဿနာကတော့ ရောင်ရမ်းမှုတွေ ပိုတိုးလာတာပါ။ ရာသီဥတုက အေးလေလေ ရောင်ရမ်းမှုပိုတိုးလေလေပါပဲ။ နွေရာသီတုန်းက ခန္ဓာကိုယ်ဟာ ရေဓာတ်ကိုထိန်းသိမ်းခဲ့ရပြီး အဆီတွေကိုလောင်ကျွမ်းဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ ဆောင်းရာသီကိုရောက်လာချိန်မှာတော့ အအေးမိတုပ်ကွေးမဖြစ်အောင် ကိုယ်တွင်းစနစ်တွေက တိုက်ခိုက်ဖို့လုပ်ဆောင်ရတဲ့အပြောင်းအလဲမှာ ရောင်ရမ်းမှုတွေ ပိုဆိုးလာရတာဖြစ်ပါတယ်။

 

၅။ မိမိကိုယ်ကိုအဆုံးစီရင်မှု

ပူပြင်းတဲ့ရာသီဥတုမှာ မိမိကိုယ်ကိုအဆုံးစီရင်မှုတွေ ပိုဖြစ်တတ်တယ်လို့ ရာသီဥတုပြောင်းလဲနဲ့ စိတ်ခံစားချက်သက်ရောက်မှုအပေါ် လေ့လာခဲ့ ပရော်ဖက်ဆာ ဒေါက်တာ Grady Dixon က ပြောပါတယ်။ ဆောင်းရာသီနှောင်းပိုင်းနဲ့ နွေရာသီအစောပိုင်း ကာလတွေမှာ မိမိကိုယ်ကိုအဆံုံးစီရင်မှုတွေ ပိုဖြစ်တယ်လို့ ဆိုပါတယ်။

 

၆။ အသက်ရှုရခက်ခဲမှု

အရမ်းပူလွန်း၊ အေးလွန်းတဲ့အခါ အသက်ရှုကြပ်တာမျိုး ဖြစ်တတ်ပါတယ်။ လေထုထဲက စိုထိုင်းဆ အပြောင်းအလဲမှာ အသက်ရှုရ ခက်ခဲသွားတာမျိုးပါ။ အေးတဲ့ရာသီဥတုကြောင့် လေရှုပြွန်ရဲ့အတွင်းပိုင်းမျက်နှာပြင်မှာ ကွဲအက်မှုအသေးစားလေး ဖြစ်ပေါ်ပြီး အသက်ရှုရခက်လာရပါတယ်။

Source : The List


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က