ကိုယ်နေဟန်ထားမှားယွင်းတဲ့အခါ အလှပျက်စေရုံသာမက ကြွက်သားတွေကိုလည်း အားနည်းသွားစေပါတယ်။

ကိုယ်နေဟန်ထားရဲ့ အရေးပါပုံတွေကို မကြာခဏ ပြောလေ့ရှိတာက အလှအပနဲ့ စမတ်ကျတဲ့အပိုင်းမှာသာ ပြောဖြစ်ကြပါတယ်။ ခုံမှာ ဘယ်လိုထိုင်ရမယ်၊ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမယ် စသဖြင့်ပေါ့။ ကိုယ်နေဟန်ထား မမှန်ခြင်းဟာ အလှပျက်စေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်လာစေပြီး ကိုယ့်ကို မြန်မြန်ဆန်ဆန် အိုမင်းသွားစေနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

 

၁။ ခုံပေါ်မှာ ပျော့ခွေပြီးထိုင်တာ

ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲနဲ့ ထိုင်နေပုံကို မော်ဒယ်တွေရဲ့ပုံတွေနဲ့ မြင်ဖူးချင် မြင်ဖူးမှာပေါ့။ တကယ်တမ်းကျတော့ မော်ဒယ်တွေ ထိုင်တာက ဓာတ်ပုံဆရာရဲ့ လမ်းညွှန်ချက်နဲ့ အတိမ်းအစောင်းမခံဘဲ ထိုင်လို့သာ လှနေတာ။ ကိုယ်သာ တကယ်ထိုင်ရင် နောက်ကျောကြွက်သားတွေနာကျင်လာရပြီး ခါးနာ ကျောနာတာ ဖြစ်လာပါလိမ့်မယ်။ ကြွက်သားတွေ နာကျင်မှုကြောင့် မောပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး သင့်ရဲ့သွင်ပြင်ကလည်း ပိုပြီးအိုစာလာရပါတယ်။

 

၂။ လက်ပြင်ကုန်းတာ

မတ်တပ်ရပ်နေရင်တောင်မှ လက်ပြင်ကြီးကုန်းနေတာမျိုးကို သတိထားပြီး ပြင်သင့်ပါတယ်။ ခပ်မတ်မတ်လေး ရပ်ပါ။ လက်ပြင်ကုန်းနေခြင်းကြောင့် လည်ပင်းနဲ့ပခုံးက ရှေ့ကိုညွှတ်သွားပြီး လည်ပင်းအပေါ် ဖိအားသက်ရောက်စေပါတယ်။ အဘွားအိုလေးနဲ့ တူတဲ့ပုံစံကြီးပါ။

 

၃။ မေးထောက်တာ

မေးထောက်ပြီးနေခြင်းက ဓာတ်ပုံထဲမှာတော့ လှနေပါလိမ့်မယ်။ မေးလေးကို ရှေ့ထိုးပြီး လက်ကလေးနဲ့ထောက်ရင်း ကွန်ပျူတာကိုငေးကြည့်မိတတ်ကြပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်အပေါ်ပိုင်းက ရှေ့ကိုကုန်းသွားရော။ လည်ပင်းနားတစ်ဝိုက်ကို နာကျင်မှုဖြစ်စေတဲ့ ကိုယ်နေဟန်ထား ဖြစ်ပါတယ်။ အဲ့ဒီကိုယ်နေဟန်ထားကြောင့်ပဲ နာကျင်မှုတွေ ခေါင်းကိုက်မှုတွေ ဖြစ်လာစေပါတယ်။

Source : List

Share

Loading Next Article...
က္က