သွားတွေသန့်ရှင်းဖို့ တကယ်လိုအပ်တာ ပျော့ပျောင်းတဲ့သွားတိုက်တံပါ။

သွားနဲ့ခံတွင်း သန့်ရှင်းနေဖို့က အရေးကြီးပါတယ်။ သွားကျန်းမာရေးကောင်းမှ အစားလည်းကောင်းကောင်းစားနိုင်မယ်၊ အစားကောင်းကောင်းစားမှ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လေ။ သွားတွေနဲ့ ပတ်သက်ပြီး မှားယွင်းထင်မြင်နေတဲ့အရာတွေက သွားနဲ့ခံတွင်းကျန်းမာရေးကို နှောင့်ယှက်နေတော့တာပါပဲ။

 

၁။ အချို

အချိုတွေစားရင် သွားတွေပျက်စီးမယ်လို့ ထင်ကြတယ်။ တကယ်တမ်းတော့ သွားကိုအဓိကပျက်စီးစေတာ မကောင်းတဲ့ ဘက်တီးရီးယားတွေကြောင့်ပါ။ ကာဘိုဟိုက်ဒြိတ်စားကြွင်းစားကျန်တွေ သွားမှာကပ်ငြိပြီး ဘက်တီးရီးယားတွေပေါက်ပွားကာ သွားပိုးပေါက်ဖြစ်စေတာဖြစ်ပါတယ်။ သကြားကလည်း ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့အရာပဲမဟုတ်လား။ ဒါပေမဲ့ သကြားတစ်မျိုးတည်းတင်မက အခြားသော ကာဟိုဟိုက်ဒြိတ်ပါ စားစရာတွေကိုလည်း စားကြွင်းစားကျန်ရှိနေရင် သွားပိုးစားနိုင်ပါတယ်။

 

၂။ ငယ်သွားတွေပိုးစားရင် ဘာမှမလုပ်နဲ့

ငယ်သွားတွေရဲ့ ကြွေလွှာက ကြီးမှပေါက်တဲ့သွားတွေလို မထူပါဘူး။ ဒါကြောင့်မို့လို့ သွားပိုးစားလွယ်ပါတယ်။ အချိန်တန်ရင် သွားအသစ်လဲမှာပဲဆိုပြီး ငယ်သွားတွေ ပိုးစားတာကို ဂရုမစိုက်ဘဲနေခြင်းဟာ ကြီးသွားတွေကိုလည်း မကောင်းတဲ့သက်ရောက်မှုဖြစ်စေပါတယ်။

 

၃။ သွားတိုက်တံမာမှ

တချို့တွေက သွားတိုက်တံမာမှ သွားတွေပြောင်လက်မယ်လို့ ထင်ကြတယ်။ သွားတွေသန့်ရှင်းဖို့ တကယ်လိုအပ်တာ ပျော့ပျောင်းတဲ့သွားတိုက်တံပါ။ သွားတိုက်တံမာရင် သွားနဲ့ခံတွင်းကို နာကျင်ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ သွားတိုက်တံကိုလည်း ၃လ မှ ၄လ အတွင်း အသစ်လဲရပါမယ်။

 

၄။ သွားကြားထိုးတံ

သွားကြားညှပ်တာကို ထုတ်ပစ်ဖို့ အကောင်းဆံုံးက dental floss လို့ ခေါ်တဲ့ သွားသန့်ရှင်းရေးကြိုးလေး ဖြစ်ပါတယ်။ ဘာစားစား စားပြီးတိုင်း သွားကြားထိုးရမှကျေနပ်တယ်ဆိုရင်တော့ သွားတွေမှာ ပြဿနာရှိနေပါပြီ။ သွားဆေးခန်းကို မြန်မြန်သာ သွားပြပါတော့။

 

၅။ မကြာခဏသွားတိုက်ခြင်း

မကြာခဏ သွားတိုက်ပေးခြင်းဟာ သွားတွေကိုပြောင်လက်စေတာ မဟုတ်ပါဘူး။ သွားကြွေလွှာကို တိုက်စားသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေက မကြာခဏအသုံးပြုလွန်းရင် သွားတွေကိုပါ ပျက်စီးစေရောလေ။ အစာစားပြီးတိုင်း ပလုပ်ကျင်းပေးရင် ရပါပြီ။ သွားကိုတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပေးရုံနဲ့ လုံလောက်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က