လိင်ပိုင်းဆိုင်ရာ စိတ်တွေ လျော့ကျသွားပါတယ်။
 

စိတ်ဖိစီးမှုတွေရှိတဲ့အခါ မလုပ်ချင်မကိုင်ချင်စိတ်တွေ ဖြစ်လာပါတယ်။ အလွယ်တကူနဲ့ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ စိတ်ဖိစီးမှု ကြာရှည်ဖြစ်နေတဲ့လူတစ်ယောက်မှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ ရှိပါတယ်။

၁ - အားအင်ကုန်ခမ်းနွမ်းနယ်

ဦးနှောက်ဟာ cortisol ဟော်မုန်းတွေကို သွေးကြောထဲ ထုတ်လုပ်ပြီး နှလုံးခုန်နှုန်းမြန်စေပါတယ်။ဒီအခါ ဦးနှောက်ဟာ အောက်ဆီဂျင်ပိုမိုရရှိပြီး စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က ကိုင်တွယ်နိုင်စေဖို့အတွက် အကူအညီဖြစ်ပါတယ်။ ဒါပေမယ့် မကြာခဏဖိစီးမှု ဖြစ်နေတဲ့အခါ သွေးကြောထဲ cristol ပို့မှုကို ဦးနှောက်က ကန့်သတ်လိုက်ပြီး အားအင်ကုန်ခမ်းနွမ်းနယ်မှုတွေ ဖြစ်ပေါ်လာပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ထိုင်းနိုင်ငံအစား မြန်မာနိုင်ငံကိုသာ အလည်သွားသင့်တဲ့အကြောင်း (၈) ခု)

 

၂ - လိင်

ကာလရှည်ကြာ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ အက်စထရိုဂျင် ( estrogen) တွေ ထုတ်လုပ်မှုကို သက်ရောက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စိတ်တွေ လျော့ကျသွားပါတယ်။ စိတ်ဖိစီးမှုဖြစ်နေတဲ့ အချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။ အာလူးကြော်ထုပ်လို အသင့်စားအစားအစာတွေကို ရှောင်သင့်ပါတယ်။

၃ - ဝမ်းချုပ်တယ်

ကာလရှည်ကြာ စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ သိုင်းရွိုက်ဂလင်းတွေက ထုတ်တဲ့ ဟော်မုန်းတွေကိုကိုလည်း သက်ရောက်မှု ရှိပါတယ်။ အဆိုပါ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ပုံမှန်အလုပ်လုပ်စေတာဖြစ်ပြီး သက်ရောက်မှု ရှိလာတာကြောင့် ဝမ်းချုပ်တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုး ဖြစ်လာတဲ့အခါ ရေများများသောက်ဖို့ နဲ့ လှုပ်ရှားမှု များများရှိဖို့ အရေးကြီးပါတယ်။

 

၄ - ဝက်ခြံနဲ့ ဖု

စိတ်ဖိစီးတဲ့အခါ အန်ဒရိုင်ဂျန်စ် (androgens)လို့ခေါ်တဲ့ ဟော်မုန်းမြင့်တက်လာပြီး ဝက်ခြံတွေဖြစ်ပါတယ်။  တချို့က အရေပြားမှာ အကွက်တွေဖြစ်တာမျိုးထိ ရှိပါတယ်။ ကိုယ်ခံအားစနစ်ကို စိုးရိမ်မှုက ကသောင်းကနင်းဖြစ်အောင်လုပ်နေတာပါ။ eczema တွေဟာ အရေပြားပိုးဝင်တာမျိုး ဖြစ်ပွားစေပါတယ်။

၅ - မမှတ်မိဘူး

မှတ်မိသင့်တဲ့ တစ်စုံတစ်ရာကို မမှတ်မိတာမျိုးလည်း ဖြစ်တတ်ပါတယ်။  သင့်အသက်အန္တရယ်ကို ချိန်းခြောက်တာလိုမျိုး ကြီးမားတဲ့ချိန်းခြောက်မှုကိုရင်ဆိုင်ရတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုက ဖြစ်ပေါ်လာပြီး ဦးနှောက်ရဲ့ hipoocampus ဆိုတဲ့နေရာကို သက်ရောက်ပါတယ်။ အဆိုပါနေရာဟာ မှတ်ညဏ်တွေကို သိုလှောင်ထားရာ နေရာဖြစ်ပါတယ်။ အချက်အလက်တွေကို နှိုးဆွရယူဖို့ ခက်ခဲသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ညဏ်အသစ်ဖြစ်ပေါ်လာဖို့လည်း ခက်ခဲသွားပါတယ်။

Photos & Source: WomenHealth

Share

Loading Next Article...
က္က