ရေကျောက်က ပေါက်ပြီး တစ်ပတ်အတွင်းလည်း ကူးနိုင်သလို မပေါက်ခင်မှာကတည်းကလည်း ကြိုပြီးတော့ ကူးစက်နိုင်တယ်။
 

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရေကျောက်ရောဂါ ကူးစက်ခံရပါက မွေးဖွားလာမယ့် ကလေးငယ်တွေမှာ  အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကေသီထွန်းက ပြောကြားလိုက်ပါတယ်။

ရေကျောက်ရောဂါဟာ နွေအကုန် မိုးအကူးနဲ့ ဆောင်းအကုန် နွေအကူးကာလတွေမှာ  အဓိက ဖြစ်ပွားတတ်ပေမယ့် ယခုနောက်ပိုင်း တစ်နှစ်ပတ်လုံး ကူးစက်မှုတွေရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

‘‘ကိုယ်ဝန်ဆောင်မိခင်ဟာ ရေကျောက်ပေါက်တဲ့ ကလေးနဲ့ မတွေ့အောင် ရှောင်ရမယ်။ ရေကျောက်က ပေါက်ပြီး တစ်ပတ်အတွင်းလည်း ကူးနိုင်သလို မပေါက်ခင်မှာကတည်းကလည်း ကြိုပြီးတော့ ကူးစက်နိုင်တယ်။ တကယ်လို့ ရေကျောက်ကူးစက်ခံရပြီဆိုရင်တော့ အလွန်ဂရုစိုက်ရမယ်။ ပြနေတဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့လည်း တိုင်ပင်ဖို့လိုတယ်’’  လို့ ဒေါက်တာကေသီထွန်းက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားတယ်။

 

ရေကျောက်ကူးစက်ခံရတဲ့ မိခင်တွေမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ခံနိုင်ရည်အားနဲ့ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ် မူတည်ကာ အသက်အန္တရာယ် စိုးရိမ်ရနိုင်တာ ဖြစ်ပါတယ်။

‘‘မွေးခါနီးပြီဆိုရင်လည်း ကလေးကို စောင့်ကြည့်တဲ့နည်း တွေရှိတယ်။ ကလေးကို ရောဂါ လက္ခဏာမပေါ်အောင် ထိုးရမယ့် ဆေးတွေလည်းရှိတယ်။ ပြန်ပြီး တော့ ရေကျောက်ပိုးလျော့သွား အောင်ပေးရတဲ့ဆေးတွေလည်းရှိ တယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ ရေကျောက် ကူးစက်မိပြီဆိုရင် မွေးလာတဲ့ကလေးမှာ မွေးကင်းစ ကလေးဆရာဝန်နဲ့ တောက်လျှောက်ပြထားဖို့လိုတယ်’’ လို့လည်း   ပါမောက္ခ ဒေါက်တာကေသီထွန်းက ပြောထားပါတယ်။

တာဝန်ယူကုသပေးရတဲ့ မှော်ဘီပြည်သူ့ဆေးရုံ၊ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံနဲ့ မင်္ဂလာဒုံပြည်သူ့ဆေးရုံတို့မှာ ကိုယ်ဝန်ဆောင်ကာလအတွင်း ရေကျောက်ရောဂါကူးစက်ခံရပြီး လာရောက်ပြသရတဲ့ ကလေးငယ်တွေ ရှိသကဲ့သို့ အသက်ဆုံးရှုံးရတဲ့ ကလေးငယ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရေကျောက်ရောဂါဟာ ထိတွ့ကိုင်တွယ်မှုမှတစ်ဆင့် ကူးစက်နိုင်သလို လေမှတစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါ တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံမှာ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်(၄)နှစ်မှ (၁၀) နှစ်ကြား ကလေးငယ်တွေဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းဟာ  (၁၈) နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။

ရေကျောက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ (၁)နှစ်သား အရွယ်မှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး အသက် (၅)နှစ်သားအရွယ်မှာ တစ်ကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။

Source: 7Day Daily

Photos: Huffington

Share

Loading Next Article...
က္က