ရိုးရိုးအအေးမိတာက စတာပါပဲ.. ဒါပေမဲ့ ပျောက်ဖို့ကြာနေတယ်။
 

နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံတွင်းက အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းဟာ လူတိုင်းဖြစ်နိုင်ပါတယ်။ နှာခေါင်းတွင်း ယားယံခြင်း၊ နှာပိတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်စက်ရခက်ခြင်း၊ ကိုယ်ပူခြင်းတွေလည်း ခံစားရပါတယ်။ သာမာန်နှာစေး၊ နှာပိတ်တာထက် ပိုခံစားရပေမဲ့ ဆေးသောက်ရုံနဲ့ပျောက်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဆီသွားဖို့တော့ လိုပါတယ်။

 

၁။ အအေးမိလက္ခဏာက တစ်ပတ်ကျော်နေပြီ

နှာခေါင်းလမ်းကြောင်း ပိုးဝင်ခြင်းဟာ အအေးမိတုပ်ကွေးဖြစ်ရာကနေ ဗိုင်းရပ်စ်ဝင်ပြီး ချွဲထရာကနေ ဖြစ်လာတာပါ။ ပုံမှန်အအေးမိရာကနေ စတာပါပဲ။ နှာပိတ်တယ်၊ ဖျားတယ်၊ လည်ချောင်းယားယံပြီး မောပန်းနွမ်းနယ်တယ်။ ဒါပေမဲ့ ၃ ရက်မှ ၅ ရက်အတွင်း ဒီလက္ခဏာတွေက သက်သာပျောက်ကင်းသင့်ပါပြီ။ တစ်ပတ်ကျော်တာတောင်မှ မသက်သာတဲ့အပြင် ပိုတောင်ဆိုးလာရင်တော့ ပိုးဝင်တာဖြစ်နိုင်ပါတယ်။

၂။ အရောင်ပြောင်းတဲ့နှပ်တွေ များများထွက်တယ်

နှာပိတ်တာ၊ နှာမွှန်တာတွေက ပိုဆိုးလာတယ်။ နှာခေါင်းထဲကနေ ချွဲတွေလိုအရာတွေ ထွက်လာလေ့ရှိပါတယ်။

 

၃။ နှာခေါင်းပိုက်သွင်းခဲ့တာ

ကျန်းမာရေးအခြေအနေအရ နှာခေါင်းထဲကို ပိုက်ပျော့လေးထိုးသွင်းရခဲ့တဲ့ အခြေအနေမျိုး ကြုံခဲ့တယ်ဆိုရင်လည်း နှပ်တွေပိုထွက်လာနိုင်ပါတယ်။

၄။ ဖိအားနဲ့နာကျင်မှု

အအေးမိတုပ်ကွေးဖြစ်ရင် နှာပိတ်တတ်ပါတယ်။ ဒါပေမဲ့ နှာခေါင်းကတစ်ဆင့် အသက်ရှုလမ်းကြောင်းပိုးဝင်ရင်တော့ မျက်နှာနဲ့ နှာခေါင်းတစ်ဝိုက်မှာ ဖိအားဒဏ်ကိုခံစားရပြီး နာကျင်နေပါလိမ့်မယ်။ ခေါင်းလည်းကိုက်လာပါတယ်။ တချို့ဆို သွားကိုက်တဲ့အထိကို ခံစားလာရပါသေးတယ်။ နှာခေါင်းအသက်ရှုလမ်းကြောင်း ပိုးဝင်လို့ ခံစားရတဲ့ ခေါင်းကိုက်မှုဟာ ဦးခေါင်းကို အရှေ့ဘက်ဆီညွှတ်လိုက်ရင် ပိုဆိုးလာတတ်ပါတယ်။

Source : Self

Share

Loading Next Article...
က္က