သွားနဲ့ခံတွင်း သန့်ရှင်းရေးကို လုပ်ဆောင်ရာမှာ သွားတိုက်နေရုံနဲ့ မပြီးပါဘူး။ လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ သွားဘက်ဆိုင်ရာ ဆရာဝန်တွေက သွားရောခံတွင်းသာမက လျှာကိုပါ ပွတ်တိုက်သန့်စင်ပေးဖို့ကို အမြဲတမ်း တိုက်တွန်းကြပါတယ်။ တကယ်လို့ လျှာကိုသာ ပုံမှန်သန့်ရှင်းရေးမလုပ်ဘူးဆိုရင်တော့ ဒါတွေဖြစ်လာပါလိမ့်မယ်။

 

၁။ အာပုပ်နံ့

ခံတွင်းနံ့ဆိုးခြင်းဟာ လျှာကိုသန့်ရှင်းရေးမလုပ်တဲ့အခါမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ သန့်ရှင်းရေးမလုပ်ပေးတဲ့အခါ လျှာပေါ်က ဘက်တီးရီးယားတွေဟာ ကြီးထွားပျံ့နှံ့လာပြီး ခံတွင်းနံ့ဆိုးကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေဟာ လျှာနောက်မှာပါ ခိုအောင်းနေတတ်လို့ အပေါ်ယံတင်မဟုတ်ဘဲ အောက်ဘက်နဲ့ အနောက်ဘက်တွေကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၂။ အရသာခံနိုင်စွမ်းလျော့လာ

လျှာတွေကို ပွတ်တိုက်သန့်ရှင်းမှု မလုပ်တဲ့အခါ အရသာခံအဖုလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်း လျော့ကျလာပါတယ်။ ရသာခံဖုလေးတွေပေါ်မှာ ဘက်တီးရီးယားတွေ၊ အစားအကြွင်းကျန်တွေနဲ့ ဆဲလ်သေတွေက ဖုံးအုပ်လိုက်တာကြောင့် အရသာခံနိုင်စွမ်း လျော့သွားပါတယ်။

 

၃။ အရောင်ပြောင်းလာမယ်

စားသောက်ထားသမျှ အကြွင်းအကျန်တွေဟာ လျှာရဲ့အရောင်ကို ပြောင်းလဲသွားစေပါတယ်။ ဥပမာ ကော်ဖီသောက်ပြီးတိုင်း လျှာက ညိုညစ်ညစ်ဖြစ်သွားတာကို ကြည့်ပါ။ အမြဲတမ်းသန့်ရှင်းပေးနေရမယ့်လျှာကို မသန့်ရှင်းပေးရင် အရောင်က ညိုညစ်ညစ်ဖြစ်ပြီး အမွေးတွေထသလိုမျိုး ဖြစ်လာပါတယ်။ ဘေးဥပါဒ်တော့မဖြစ်စေပါဘူး။ ပွတ်တိုက်ပေးရုံနဲ့ ပျောက်သွားပါလိမ့်မယ်။

 

၄။ မှက္ခရု

လျှာကို သန့်ရှင်းအောင်မထားတဲ့အခါ မှက္ခရုလို့ခေါ်တဲ့ အကွက်တွေ လျှာပေါ်မှာ ဖြစ်လာပါတယ်။ သွားနဲ့လျှာကို သန့်ရှင်းရေးမလုပ်တဲ့အခါ ဘက်တီးရီးယားတွေ များပြားလာလို့ ဖြစ်ရတာပါ။ အလိုလိုပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ဆရာဝန်ဆီသွားပြတဲ့အခါ လျှာပေါ်မှာမှိုစွဲနေတာကို သက်သာပျောက်ကင်းစေမယ့်ဆေးဝါး ပေးပါလိမ့်မယ်။

Source : Prevention

Share

Loading Next Article...
က္က