အဝလွန်သူ သုံးဦးမှာ တစ်ဦးကတော့ ကျန်းမာရေးကောင်းကြတယ်လို့ သိရပါတယ်။

ကျန်းမာနေတဲ့ အဝလွန်မှုဆိုတာ ဒဏ္ဍာရီတစ်ရပ်လိုဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက လူပေါင်း ၃.၅ သန်းကို လေ့လာပြီးနောက် ရလာတဲ့ အဖြေကိုတွက်ချက် ခန့်မှန်းထားတာပါ။



 

အဆီပိုတွေများနေခြင်းဟာ နှလုံးရောဂါခံစားရနိုင်ခြေရှိနေသလို သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ ပိုများတယ်လို့ သုသေသနအရ သိရှိပြီးဖြစ်ပါတယ်။ အဝလွန်ပုဂ္ဂိုလ်တွေဟာ ကျန်းမာရေးကောင်းနေသည့်တိုင်အောင် လေဖြတ်နိုင်ခြေနဲ့ နှလုံးကျန်းမာရေးချို့ယွင်းနိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါပေမဲ့လည်း ကိုယ်အလေးချိန်ပိုနေသည့်တိုင်အောင် ကျန်းမာနေသူတွေလည်း ရှိကြောင်းကိုလည်း ကာလရှည်ကြာ အငြင်းအခုံဖြစ်ခဲ့ရပါတယ်။ ယခုလေ့လာမှုမှာတော့ ခန္ဓာကိုယ်နဲ့အရပ်ညွှန်းကိန်း (BMI) ၃၀ နဲ့ အထက် ကျော်လွန်နေတာကလွဲရင် ဝနေပေမဲ့ ကျန်းမာရေးကောင်းမွန်သူတွေလည်း ရှိတာကို တွေ့ရပါတယ်။

 

အဝလွန်သူတွေဟာ သာမာန်ကိုယ်အလေးချိန်ရှိသူတွေနဲ့ယှဉ်ရင် လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ဆီးချိုရောဂါ အမျိုးအစား-၂ ဖြစ်နိုင်ခြေတို့ ပိုများပါတယ်။ ဒါပေမဲ့ အခြားကျန်းမာရေးကဏ္ဍတွေမှာတော့ ကောင်းကောင်းမွန်မွန်ရှိတာကို တွေ့ရပါတယ်။ ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဆိုရင်တော့ အဝလွန်သူ သုံးဦးမှာ တစ်ဦးကတော့ ကျန်းမာရေးကောင်းကြတယ်လို့ သိရပါတယ်။

 

ယခုသုတေသနကိုတော့ ဘာမင်ဂမ်တက္ကသိုလ်ရှိ Applied Health Research အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူပေါင်း ၃.၅ သန်းရဲ့ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကျန်းမာရေးမှတ်တမ်းတွေကို အခြေခံကာ သုတေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။

Source : Telegraph


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က