ခြေချိတ်ထိုင်တော့မယ်ဆိုရင် ဒါတွေကို မြင်ယောင်ကြည့််လိုက်ပါဦး။
 

ထိုင်ခုံမှာထိုင်တဲ့အခါ ခြေနှစ်ချောင်းချိတ်၊ ဒူးနှစ်လုံးဆင့်ပြီး ထိုင်တတ်သူတွေရှိတယ်။ စတိုင်ကျတယ်လို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ မကြာခဏလည်း ထိုင်မိတတ်တဲ့ ပုံစံပါ။ တကယ်တော့ ဒီလိုထိုင်တာက အမြင်သာလှချင်လှပေမဲ့ ကျန်းမာရေးပိုင်းကကြည့်ရင်တော့ ထိုင်သင့်တဲ့အနေအထား မဟုတ်ပါဘူး။ ဒီပုံစံအတိုင်း ကြာကြာထိုင်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လေဖြတ်ခြင်း

ဒူးတစ်လုံးပေါ်ကို နောက်ထပ်ဒူးနဲ့ဖိထားပြီး နာရီအတော်ကြာ ထိုင်တဲ့အခါ သွက်ချာပါဒလိုက်တယ်လို့ ခေါ်ကြတဲ့ လေဖြတ်မှုပုံစံတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ခြေထောက်အောက်ပိုင်းကြွက်သားတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

 

၂။ သွေးတိုးစေ

၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်ခဲ့ကြတဲ့ လေ့လာမှုတွေအရ ခြေနှစ်ချောင်းချိတ်ပြီးထိုင်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းက သွေးဖိအားကို မြင့်တက်လာစေကြောင်း သိခဲ့ရပါတယ်။ ခြေထောက်တစ်ဖက်ကို ဖိထားလိုက်တော့ ယင်းခြေထောက်ကနေ ရင်အုပ်ပိုင်းဆီကိုသွေးစီးဆင်းမှုပမာဏ ပိုများသွားရပါတယ်။ သွေးလည်ပတ်မှု ပုံမှန်မဟုတ်တော့ပါဘူး။ မလှုပ်မရှားဘဲ အချိန်ကြာကြာ ဖိထားခြင်းရဲ့ နောက်ဆက်တွဲရလာဒ်က သွေးတိုးမရှိတဲ့လူတွေကိုတောင် သွေးဖိအာားမြင့်တက်သွားစေပါတယ်။

၃။ တင်ပဆုံရိုးစောင်းနိုင်

ခြေချိတ်လိုက်တဲ့အခါ ကိုယ်နေဟန်ထားကလည်း တစ်ဖက်ကို စောင်းသွားပါတယ်။ ပေါင်ကကြွက်သွားတွေကိုလည်း ဖိအားတွေသက်ရောက်သွားပါတယ်။ အဲ့ဒီအခါ တင်ပဆုံရိုးက တစ်ဖက်နဲ့တစ်ဖက် မညီနိုင်တော့ပါဘူး။

 

၄။ လည်ပင်းနာကျင်မှု

ခြေနှစ်ချောင်းချိတ်ပြီးထိုင်လိုက်ရာကနေ ခြေထောက်တွေနာတယ်၊ သွေးကြောတွေရောင်ရမ်းတယ်။ ဒါတင်မက လည်ပင်းနာကျင်မှု ၅ မျိုးကိုလည်း ခံစားရနိုင်ပါတယ်။ တစ်နေ့ကို ၃ နာရီထက်ပိုပြီး ခြေချိတ်ထိုင်မိရင် ခါးအောက်ပိုင်းနာကျင်မှု၊ လည်ပင်းနာကျင်မှုတို့ကို ခံစားလာရပါလိမ့်မယ်။ လက်ပြင်လည်း ကိုင်းသွားနိုင်တာကို သတိထားပါ။ တင်ပါးတွေမှာလည်း သက်တောင့်သက်တာ မရှိတော့ပါဘူး။

Source : Bright Side

Share

Loading Next Article...
က္က