ပုံမှန်ကြည့်သူနဲ့ မကြည့်သူ သိသိသာသာကွာတယ်။

လိင်ဖျော်ဖြေရေးဇာတ်လမ်း (အပြာကား)တွေကို နှစ်သက်တဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ဟာ ကျုံ့သွားနိုင်ပြီး လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကို ပျင်းရိစွာတုံ့ပြန်လာတယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။

 

ဘာလင်မြို့ရှိ Max Planck Institute ရှိ သုတေသီတွေဟာ လူတွေအနေနဲ့ စိတ်တက်ကြွမှု သို့မဟုတ် ချီးမြှောက်ခံမှုနဲ့ကြုံရတဲ့အခါ လှုပ်ရှားလာတဲ့ ဦးနှောက်ရဲ့တစ်စိတ်တစ်ဒေသဟာ ကျုံ့သွားပြီး လုပ်ဆောင်နိုင်စွမ်းနည်းသွားတာကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် လိင်လှုံ့ဆော်တဲ့ဓာတ်ပုံတွေကိုု ပုံမှန်ကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ဦးနှောက်ကို ကျုံ့သွားစေပါတယ်။

 

ဦးနှောက်မှာရှိနေတဲ့ stariatum လို့ခေါ်တဲဲ့ အစိတ်အပိုင်းလေးဟာ သေးငယ်နေမယ်ဆိုရင် အပြာကားတွေပိုကြိုက်သူလို့ သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအစိတ်အပိုင်းလေးသေးနေတာက အပြာကားတွေကြည့်လို့ပဲလား ဒါမှမဟုတ် ဒီအစိတ်အပိုင်းလေး သေးပြီး မွေးလာသူတွေကပဲ အပြာကားကြိုက်ကြသလားဆိုတာတော့ မသဲကွဲဘူးလို့ လေ့လာမှုမှာပါဝင်ခဲ့သူ ဒေါက်တာ Simone Kuhn က ပြောပါတယ်။

 

လေ့လာမှုမှာတော့ အသက် ၂၁ နှစ်မှ ၄၅ နှစ်ကြား ကျန်းမာရေးကောင်းတဲ့အမျိုးသား ၆၄ ဦး ပါဝင်ခဲ့ပြီး သူတို့ရဲ့ အပြာကားကြည့်ပုံအလေ့အထတွေကို မေးခွန်းတွေထုတ်ခဲ့တာပါ။ ဦးနှောက်ရဲ့အရွယ်အစားကို တိုင်းတာထားခဲ့ပြီး လိင်ခံစားချက်လှုံံ့ဆော်တဲ့ဓာတ်ပုံတွေကို ကြည့်ရှုစေကာ ဦးနှောက်ရဲ့ ပြောင်းလဲမှုကို လေ့လာခဲ့ကြပါတယ်။ အပြာကား၊ ဓာတ်ပုံ ပုံမှန်ကြည့်လေ့ရှိသူတွေနဲ့ မကြည့်သူတွေအနက် ဦးနှောက်ရဲ့အရွယ်အစားပိုင်းမှာ သိသာတဲ့ကွာခြားမှုရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Source : Telegraph

Share

Loading Next Article...
က္က