လူတိုင်းအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းမျိုးပါ။

ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်တယ်ဆိုရာမှာ ဘာကိုပဲလုပ်လုပ်ပါ။ အားလုံးကတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆိုရင်တော့ HIIT လို့ ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးဟာ အသက်အရွယ်ကြောင့် ပြောင်းလဲလာတဲ့ လူ့ကိုယ်တွင်းဆဲလ်တွေကို တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။



 

ဒီလေ့လာမှုမှာပါဝင်သူတွေကို ခန္ဓာကိုယ်နဲ့အရပ်ညွှန်းကိန်း (BMI) နဲ့ အင်ဆူလင်တုံ့ပြန်နိုင်မှုတို့ကို တိုင်းတာကာ အသက်ကြီးသူနဲ့ ငယ်သူဆိုပြီး အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ ငယ်ရွယ်တဲ့အုပ်စုမှာ အသက် ၁၈ နှစ်မှ ၃၀ ကြား၊ အသက်ကြီးသူအုပ်စုမှာ အသက် ၆၅ နှစ်မှ ၈၀ ကြား ပါဝင်ပါတယ်။ အဲ့ဒီနောက်မှာတော့ နောက်ထပ်အုပ်စု ၃ စု ထပ်ခွဲကာ မတူညီတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်စေခဲ့ပါတယ်။

 

လေ့ကျင့်ခန်းပြင်းပြင်းလုပ်ပြီး နားချိန်များများယူရတဲ့ လေ့ကျင့်ခန်း (HIIT) လုပ်တဲ့အုပ်စုဟာ စက်ဘီးစီးလေ့ကျင့်ခန်းကို ပြုလုပ်ကြပါတယ်။ နောက်တစ်ဖွဲ့ကတော့ အလေးမပြီး ကျန်တစ်ဖွဲ့ကတော့ နှစ်မျိုးပေါင်းလေ့ကျင့်ခန်းကို လုပ်ခဲ့ပါတယ်။ လေ့ကျင့်ခန်းအပြီးမှာတော့ ပါဝင်သူတွေရဲ့ BMI နဲ့ အင်ဆူလင်တုန့်ပြန်နိုင်မှုကို ပြန်လည်တိုင်းတာရာမှာတော့ အားလုံးဟာ ကြံ့ခိုင်မှုနဲ့ အင်ဆူလင်တုန့်ပြန်နိုင်မှုတိုးလာတာကို တွေ့ရပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်ခဲ့သူတွေအနေနဲ့လည်း ကြွက်သားထုထည်တိုးလာတာ မဆန်းပါဘူး။ HIIT နဲ့ ပေါင်းစပ်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သူတွေကတော့ အဆုတ်နဲ့နှလုံးကနေ အောက်ဆီဂျင်ရယူမှုပမာဏ မြင့်တက်လာပြီး ကြွက်သားတွေဆီကို အောက်ဆီဂျင်ရောက်ရှိမှု ပိုကောင်းလာပါတယ်။

 

HIIT လေ့ကျင့်ခန်းဟာ အဓိကအားဖြင့်တော့ လူ့ဆဲလ်တွေကို ကောင်းကျိုးဖြစ်စေတာပါ။ ပရိုတိန်းဆဲလ်တွေ ပိုမိုထုတ်လုပ်ပေးနိုင်တာတွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပရိုတိန်းဆဲလ်တွေဟာ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဆဲလ်တွေဖြစ်တာကြောင့် အသက်ကြီးသူတွေမှာ ပရိုတိန်းဆဲလ်တွေကောင်းနေဖို့ လိုအပ်ပါတယ်။

Source : Time


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က