အဆိုပါဝန်ဆောင်မှုကို ဆာကူရာဆေးရုံနဲ့ ဝိတိုရိယဆေးရုံတို့မှာ  အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေတိုင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ၊ ကြာသပတေးနေ့မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
 

ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ၁၀ ပတ်ရှိရုံနဲ့  မိမိ ရင်သွေးငယ်ရဲ့ ကျား၊ မအဖြေကို သိလိုပါက သွေးစစ်ခြင်းနဲ့ သိနိုင်ပြီး စင်ကာပူနိုင်ငံဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း BioSecure ကုမ္ပဏီဒါရိုက်တာ ဒေါက်တာ ကျော်ထွန်းလွင်က ပြောကြားထားပါတယ်။

လက်ရှိမှာ အဆိုပါဝန်ဆောင်မှုကို Bio Secure ကုမ္ပဏီနဲ့အတူ ဆာကူရာဆေးရုံနဲ့ ဝိတိုရိယဆေးရုံကြီးတို့မှာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

‘‘ကိုယ်ဝန်က အနည်းဆုံး ၁၀ ပတ်ပြည့်ရပါမယ်။ ၁၀ ပတ်ကနေ ၂၄ ပတ်အတွင်း စစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ဆီက သွေးယူပြီးတော့ စင်ကာပူနိုင်ငံ ဓာတ်ခွဲခန်းကို ပို့စစ်တာပါ။ အဖြေကတော့ ခုနစ်ရက်ကနေ ၁၀ ရက် အတွင်းသိရတယ်။ ရလဒ်ကလည်း ၉၉ ရာခိုင်နှုန်းအထက် တိကျမှုရှိပါတယ်’’ လို့ ဒေါက်တာကျော်ထွန်းလွင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

 

အနုပညာရှင်တွေဖြစ်တဲ့ ချစ်သုဝေ၊ သဉ္ဇာနွယ်ဝင်း၊ မိုးယုစံ တို့အပါအဝင် ၂၀၁၆ သြဂုတ်မှစကာ လက်ရှိအချိန်ထိ လူဦးရေ ၈၀ အထိ အဆိုပါဝန်ဆောင်မှုနဲ့ ဆောင်ရွက်ပေးခဲ့ပြီး ရလဒ်အဖြေတွေဟာလည်း မွေးဖွားပြီးချိန်နဲ့ တူညီမှုရှိခဲ့ပါတယ်။

ကျား၊ မစစ်ဆေးတာတွေအပြင် ဒေါင်းဆင်ဒရုန်း၊ ကလေးမျိုးဗီဇချွတ်ယွင်းမှုရောဂါ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာရောဂါ ၁၆ မျိုးကိုပါ ပူးတွဲစစ်ဆေးနိုင်တာဖြစ်ပါတယ်။ ဝန်ဆောင်ခအတွက် ကျား၊ မအဖြေတစ်မျိုးတည်း စစ်ဆေးမယ်ဆိုရင် ဒေါ်လာ ၄၀၀ ကျသင့်မှာဖြစ်ပြီး ကျား၊ မအဖြေစစ်ဆေးခြင်းအပြင် ရောဂါ ၁၆ မျိုးပါ ပူးတွဲစစ်ဆေးလိုပါက ဒေါ်လာ ၈၅၀ ကျသင့်မှာဖြစ်ပါတယ်။

‘‘အခုကတော့ မေလ ပရိုမိုး ရှင်းအနေနဲ့ ရောဂါ ၁၆ မျိုးနဲ့ ကျား၊မစစ်တာ နှစ်ခုပေါင်းကို ဒေါ်လာ ၇၉၀ ဖြစ်ပါတယ်။ ကျား၊ မတစ်ခုတည်း စစ်ချင်ရင်တော့ ဒေါ်လာ ၄၀၀ ပါ။ ကျွန်တော်တို့အနေနဲ့ ဆေးရုံ နှစ်ခုတည်းကို ချိတ်ဆက်ထားပြီး ဆေးရုံတစ်ခုနဲ့ တစ်ခုကတော့ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်ပါတယ်’’ လို့ ဒေါက်တာကျော်ထွန်းလွင်က ဆက်လက်ပြောကြားထားပါတယ်။

အဆိုပါဝန်ဆောင်မှုကို ဆာကူရာဆေးရုံနဲ့ ဝိတိုရိယဆေးရုံတို့မှာ  အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေတိုင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ၊ ကြာသပတေးနေ့မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

Share

Loading Next Article...
က္က