တကယ်ကြီးကို ဇွန်းတစ်ချောင်းနဲ့ ကျန်းမာရေး စစ်လို့ရပါဆို။

ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည့်စစ်ဆေးနေဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ သိတယ်မို့လား။ ဒါပေမဲ့ ဆေးခန်းသွားပြပြီး ကျန်းမာရေးစစ်ဆေးဖို့ကြတော့ သိပ်ပြီးတော့ ဝန်လေးကြတာမျိုးလေ။ အိမ်ကနေ ဘယ်မှမသွားဘဲ ကိုယ့်ကျန်းမာရေး အခြေအနေကို စစ်ဆေးနိုင်မယ့် နည်းအချို့တော့ ရှိပါတယ်။ လိုအပ်တာဆိုလို့ စတီးဇွန်းလေးတစ်ချောင်းပါပဲ။



 

ဘယ်လို..... ဇွန်းတစ်ချောင်းတည်းနဲ့ ကျန်းမာရေးကို စစ်နိုင်မယ် ဟုတ်လား? တကယ်ကြီးကို ဇွန်းတစ်ချောင်းနဲ့ ကျန်းမာရေး စစ်လို့ရပါဆို။ အရင်ဆုံး ဇွန်းရဲ့ကျောဘက်နဲ့ လျှာမျက်နှာပြင်တစ်ခုလုံးကို ခြစ်လိုက်ပါ။ တံတွေးတွေ အများကြီး ထွက်လာလိမ့်မယ်။ ကြည်လင်တဲ့ပလတ်စတစ်အိတ်အသန့်ထဲမှာ ဇွန်းကိုထည့်ထားပြီး တောက်ပတဲ့အလင်းအောက်မှာ အိတ်ကို ၁ မိနစ်လောက် ထားလိုက်ပါ။ နေရောင်အောက်ဖြစ်ဖြစ် စားပွဲတင်မီးသီးအောက်မှာဖြစ်ဖြစ် အဆင်ပြေမယ့်အလင်းရောင်တစ်ခုခုပေါ့။ ၁ မိနစ်ကြာရင် အိတ်ထဲက ဇွန်းကိုထုတ်ပြီး စစ်ကြည့်လိုက်။ ဇွန်းကကြည်လင်နေပြီး ဘာအစွန်းမှမပေါ်လာဘူး၊ အနံ့ဆိုးတွေမရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်းမှာ ကျန်းမာရေးကောင်းတယ်လို့ ယူဆနိုင်ပါတယ်။

 

အနံ့တစ်ခုခုရတယ်ဆိုရင် ....

၁။ ပုပ်အဲ့အဲ့အနံ့ဆိုရင်တော့ အဆုတ်နဲ့ အစာအိမ်မှာ ပြဿနာရှိပုံရပါတယ်။

၂။ အနံ့ချိုချိုလေး ထွက်လာရင်တော့ ဆီးချိုရှိနေသလားပဲ။

၃။ အမိုးနီးယားနံ့ရတယ်ဆိုရင် ကျောက်ကပ်တွေမှာ တစ်ခုခုဖြစ်နေပြီ။

 

အစွန်းကွက်တွေ ဖြစ်လာတယ်ဆိုရင် ....

၁။ အဖြူ သို့မဟုတ် အဝါရောင်အလွှာထူထူနဲ့ အစွန်းတွေဖြစ်လာတာတွေ့ရင် လည်ပင်းအကြိတ် (သွိုင်းရွိုက်)က ကောင်းကောင်း အလုပ်မလုပ်ဘူး။

၂။ ခရမ်းရောင်အစွန်းတွေ ဖြစ်လာတယ်ဆိုရင်တော့ သွေးလည်ပတ်မှုမကောင်းဘူး၊ သွေးတွင်းအဆီပမာဏ များနေတယ်၊ အဆုတ်ထဲက လေရှုပြွန်တွေမှာ တစ်ခုခုဖြစ်နေပြီလို့ ယူဆရပါတယ်။

၃။ အဖြူရောင်ဆိုရင်တော့ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်နေပုံရပါတယ်။

၄။ လိမ္မော်ရောင် အစွန်းတွေက ကျောက်ကပ်နဲ့ဆိုင်တဲ့ ရောဂါတွေ ရှိနေတဲ့ လက္ခဏာပါ။

ဖော်ပြပါ စမ်းသပ်မှုဟာ အိမ်တွင်းမှာ ပြုလုပ်နိုင်တဲ့ အကြမ်းမျဉ်း စမ်းသပ်မှုတစ်ခုသာ ဖြစ်ပါတယ်။ ဆရာဝန်တွေလောက် တိကျမှာမဟုတ်ဘူးဆိုတာတော့ မမေ့ပါနဲ့။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က